သုည
ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အာဇာနည်နေ့အကြို အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ယနေ့ (ဇူလိုင် ၁၇)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။
ရန်ကုန်မြို့ တစ်နေရာမှာ 21 UNION EAGLES & SANCHAUNG NEW GENERATION တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး အာဇာနည်နေ့အကြို အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။




စစ်ကောင်စီရဲ့ လုံခြုံရေးတွေ တင်းကြပ်နေတဲ့ကြားမှ လူငယ်တွေက “ငြိမ်နေပြီး အသေမခံကြဘဲ တော်လှန်ပြီး ရှင်သန်ကြမယ် ပြည်သူတို့ ရန်ကုန်မှာ ငါတို့ရှိတယ်”ဘန်နာစာသားကို ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ “အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်း” နဲ့ ပူးပေါင်းပြီး “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တို့သွေးနဲ့ ရေးထိုးကြ” စာသားကိုင်စွဲကာ ချီတက်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ပိုင်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ SANCHAUNG NEW GENERATION


















































