Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်က မြန်မာ ဒုက္ခသည်တွေထဲက ပထမအသုတ် အမေရိကန်မှာ ရွှေ့ပြောင်း အခြေချဖို့ ထွက်ခွာ

ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေထဲက ပထမအသုတ်ဟာ အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်း အခြေချခွင့် ရရှိခဲ့ကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေထဲက ပထမအသုတ်ဟာ အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်း အခြေချခွင့် ရရှိခဲ့ကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပထမအသုတ်အဖြစ် ထိုင်းနယ်စပ်ရောက် မြန်မာ ဒုက္ခသည် ၂၅ ဦးဟာ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်ကနေ အမေရိကန်ကို ထွက်ခွာသွားပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေက သူတို့ရဲ့ ခရီးစဉ်အတွက် အကူအညီ ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် နယ်စပ်မှာ ရွှေ့ပြောင်း ခိုလှုံနေရတဲ့ ဒုက္ခသည် ၉၀၀၀၀ ဝန်းကျင်ရှိပြီး ဒုက္ခသည်စခန်း ၉ ခုမှာ ဖြန့်ကျက် နေထိုင်နေကြပါတယ်။ အများစုကတော့ ကရင်တိုင်းရင်းသားတွေဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေ ကတည်းက နယ်စပ်ကို ရောက်နေသူ တော်တော်များများလည်း ရှိပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် မေလတုန်းကတော့ ထိုင်းနဲ့ အမေရိကန် အစိုးရတွေ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို အမေရိကန်မှာ ပြန်လည်ရွှေ့ပြောင်း နေရာချထားရေး အစီအစဉ်ကို အတည်ပြု ကြေညာခဲ့ပါတယ်။

လူသားချင်းစာနာမှု ထောက်ပံ့ရေး အဖွဲ့အစည်းတွေဟာ အခုလိုမျိုး ဒုက္ခသည်တွေ ပြန်လည် နေရာချထားပေးရေး အစီအစဉ် ပထမအသုတ် ပြီးမြောက် အောင်မြင်ခဲ့တာကို လှိုက်လှိုက်လှဲလှဲ ထောက်ခံ ကြိုဆိုခဲ့ကြပါတယ်။ ကရင်အမျိုးသမီး အစည်းအရုံး (KWO)က နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေဟာ ဒီနေ့မျိုးကို အချိန်အကြာကြီး စောင့်နေခဲ့ရတာလို့ ပြောပါတယ်။

၂၀၀၅ ကနေ ၂၀၁၅ ခုနှစ် အတောအတွင်းမှာလည်း နယ်စပ်က ဒုက္ခသည် ၁၀၀၀၀၀ လောက်ကို ပြည်ပနိုင်ငံတွေမှာ ရွှေ့ပြောင်း အခြေချပေးခဲ့ဖူးပြီး အများစုက အမေရိကန်ကို ရောက်ရှိခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်မှာ စစ်တပ် အုပ်စိုးမှု အဆုံးသတ်ပြီး အရပ်သားတစ်ပိုင်း အစိုးရ အာဏာရလာတဲ့နောက် ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရရေး မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်ခဲ့ဖူးပေမယ့် ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အခြေအနေ အားလုံးဟာ အရင်ကထက် ပိုဆိုးတဲ့ အဆင့်ထိ ရောက်ရှိသွားပါတယ်။

ဒုက္ခသည် စခန်းတွေမှာ နေထိုင်သူတွေရဲ့ ဘဝကလည်း အဖက်ဖက်က ကျဆင်းမှုတွေ ရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ယူခွင့်တွေ ရှားပါးတာ၊ မူးယစ်ဆေးနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေ ထူပြောလာတာတွေ ကြုံနေရပါတယ်။

ထိုင်းရဲ့ ထင်ရှားတဲ့ အတိုက်အခံ အမတ်တစ်ဦးဖြစ်တဲ့ ရန်ဆီမန်ရုမ်းက နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေရဲ့ နုံချာညံ့ဖျင်းတဲ့ လူနေမှုဘဝ အခြေအနေတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု စိုးရိမ်ရတဲ့ ကိစ္စတွေကိုလည်း အလေးအနက် ထောက်ပြခဲ့ပြီး ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း အရည်အသွေး ပိုမိုမြှင့်တင်ပေး တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းအစိုးရ အနေနဲ့ နိုင်ငံရဲ့ အသက်ကြီးရင့်လာပြီး လုပ်သားရှားပါးလာတဲ့ အခြေအနေကို ကုစားဖို့အတွက် မြန်မာ ဒုက္ခသည်တွေကို တရားဝင် အလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် အကျိုးရှိနိုင်မယ်လို့လည်း အကြံပြုခဲ့ပါတယ်။

အခုတဖန် အသက်သွင်းမယ့် အစီအစဉ်မှာ ဒုက္ခသည် အရေအတွက် ဘယ်လောက်ထိကို ပြန်လည် နေရာချထားရေး အကူအညီတွေ ပေးသွားမလဲ ဆိုတဲ့အပေါ် အမေရိကန် သံရုံးရော၊ UNHCRကပါ တိတိကျကျ ထုတ်ပြောမထားပါဘူး။ တစ်နှစ်ကို ဒုက္ခသည် ၁၀၀၀၀ လောက် အကူအညီ ရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပေမယ့်လည်း တက်ကြွ လှုပ်ရှားသူတွေကတော့ အဲဒီလောက် ပမာဏမျိုး လက်တွေ့ ဖြစ်လာဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားသလို ထိုင်းအစိုးရက ဒုက္ခသည်တွေကို အလုပ်လုပ်ဖို့နဲ့ ပညာသင်ဖို့ တရားဝင် လက်ခံခွင့်ပြုတာမျိုးတွေ အားဖြည့်ကူညီသင့်ကြောင်း တိုက်တွန်း တောင်းဆိုထားကြပါတယ်။

ကိုးကား: VoA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။