Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်ရှိ ထုံးကြီးစခန်းကို PDF သိမ်းပိုက်

စဉ့်ကူးမြို့တိုက်ပွဲတွင် ဧရာဝတီမြစ်အတွင်း ဆီပုံးများဖြင့် ထွက်ပြေးသွားသော ဗိုလ်အဆင့်အရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးကို ယမန်နေ့(ဇူလိုင် ၁၈ရက်)ညနေက ဖမ်းမိထားသည်။

ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ

ဧရာဝတီမြစ်အတွင်းထွက်ပြေးသော အရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး ဖမ်းဆီးရမိဟုဆို

ဇော်ရမ်း/People’s Spring

စဉ့်ကူးမြို့တိုက်ပွဲတွင် ဧရာဝတီမြစ်အတွင်း ဆီပုံးများဖြင့် ထွက်ပြေးသွားသော ဗိုလ်အဆင့်အရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးကို ယမန်နေ့(ဇူလိုင် ၁၈ရက်)ညနေက ဖမ်းမိထားသည်။

” ငါးယောက်က စဉ့်ကူး ရွှေမုဌောဘုရားပေါ်ကနေ မြစ်ထဲကို ခုန်ချပြေးတာ။သူတို့ဝင်နေကြ ပျူရွာကို ကပ်တာ။ အဲ့ရွာကို ကာကွယ်ရေးရဲဘော်တွေက သိမ်းထားတာ မသိဘဲဝင်ကပ်တာမှာ ဖမ်းလိုက်တာ”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အပြင် စဉ့်ကူးမြို့နယ်၌ စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ဧရာဝတီမြစ်လယ်မှ ထုံးကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ကာကွယ်ရေးအဖွဲ့များကတိုက်ခိုက်စဉ် ထွက်ပြေးသွားသည့် ဗိုလ်အဆင့်နှစ်ဦးကို ယမန်နေ့ညက ဖမ်းမိထားကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးသူများသည် အဝါရောင် ဆီပုံးအလွတ်များဖြင့် ဧရာဝတီမြစ်အတွင်း မျှောလိုက်ပါခြင်းဟု သိရသည်။

” အရပ်ဝတ်တွေနဲ့ ပြေးတာ။ ရွာတွေကို ဝင်ကပ် မှာစိုးလို့ စောင့်ကြည့်နေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ၂၅ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စဉ့်ကူးမြို့နယ်မှ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်း၊ ပင်လယ်ကြီးစခန်းအပါအဝင် စခန်း ၁၁ခုကို မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီနှင့် ပျူ‌စောထီးများက စဥ့်ကူးမြို့မှရဲစခန်းနှင့် ဧရာဝတီမြစ်လယ်ရှိ ထုံးကြီးရွာစခန်းတွင် အခိုင်အမာ တပ်စွဲခဲ့သည်။

ထုံးကြီးစခန်းကို ယမန်နေ့ညက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

” ရေကြောင်းတိုက်ပွဲပဲ။ရေက တက်နေလို့ ခက် ခက်ခဲခဲတိုက်ရတာ။ ဒီမနက်ရပြီ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီက စဉ့်ကူးမြို့တစ်ဖက်ကမ်း ကျောက်မြောက်ဘက်မှနေ၍ လက်နက်ကြီးများပစ်ခတ်နေသလို ယမန်နေ့ နေ့လယ်က စဥ့်ကူးမြို့‌‌ ပေါ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။

ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်