Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေ နီးကပ်လာတာကြောင့် တောင်ပြုံးပွဲ ကျင်းပဖို့ မသေချာ

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့်လာမယ့် သြဂုတ်လမှာ တောင်ပြုံးပွဲ ကို ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ - ဟိုတယ်ခရီး

ဆိုင်းမင်း/People’s Spring

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့်လာမယ့် သြဂုတ်လမှာ တောင်ပြုံးပွဲ ကို ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

တောင်ပြုံးပွဲကို သြဂုတ် ၁၂ ရက်က စတင်ပြီး ၈ ရက်ကြာ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပွဲကျင်းပရေး ကော်မတီက ကြေညာထားတာပါ။

အဲဒီလို မကြေညာချိန် ရက်ပိုင်းအလိုကတည်းက တောင်ပြုံးရွာ တည်ရှိရာ မတ္တရာနယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ ပေမယ့် စစ်ကောင်စီက နယ်မြေ အေးချမ်းသယောင် ပြသဖို့ အတွက် ပွဲတော်ကို ကျင်းပဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ပြုံးပွဲ ကျင်းပမယ့်နေရာနဲ့ ၅ မိုင်ခန့် သာဝေးတဲ့ အောင်သပြေရွာက အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တဝိုက်မှာ တိုက်ပွဲ တွေပြင်းထန်ခဲ့တာပါ။

အဲဒီအတွက် နယ်မြေအခြေနေအရ ပွဲတော်ကိုပြုလုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

” တိုက်ပွဲတွေကပ်နေပြီ၊ သူတို့(စစ်ကောင်စီ)က အတင်းအကျပ်လုပ်တောင် ဘယ်သူမှလာမှာမဟုတ်တော့ဘူး”လို့ မတ္တရာမြို့ခံတစ်ဦးကပြောပါတယ်။

တောင်းပြုံးပွဲအတွက် နတ်နန်းနေရာတွေ ၊ စျေးဆိုင်ခန်းတွေ လာရောက်နေရာဦးတာ၊ စာရင်းပေးတာတွေလည်း မရှိဘူးလို့ တောင်ပြုံး ရွာခံအမျိုးသားတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ ပေါ် နဲ့ မိုင် ၂၀ သာဝေးတဲ့ မတ္တရာ နယ်က တပ်စခန်းတွေ ကို လက်လွတ်လာရချိန်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စပြီး မတ္တရာကနေ မန္တလေး ဘက်ဆီ ဝင်ထွက်ရာ ရွှေကျင်စစ်ဆေးဂိတ်ကို စစ်ကောင်စီက ပိတ်ဆို့ ထားလိုက်ပါတယ်။

အဲဒီ ဂိတ်ဟာ မန္တလေးက နေ တောင်ပြုံးကို သွားရင်ဖြတ်သန်းသွားရတဲ့ ဂိတ်လည်းဖြစ်ပါတယ်။

နတ်ကိုးကွယ်ယုံကြည်ကြသူတွေကြား ထင်ရှားတဲ့ တောင်ပြုံးပွဲကို ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်းမှာ အကျဉ်းရုံးသာ ကျင်းပခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်က တော့ စစ်ကောင်စီက ပြန်လည်ကျင်းပရာမှာ အရင်လို ပျော်ပွဲ ရွင်ပွဲတွေ အစား လောင်းကစားဝိုင်းတွေ သာများပြားခဲ့တာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဓာတ်ပုံ – ဟိုတယ်ခရီး

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook