Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေ​ဆုံး၊ သုံးဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီက လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦးသေ​ဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီက လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦးသေ​ဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၇ရက်)ည ၇ နာရီခန့်က စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်စိုးအောင် ရပ်ကွက်ရှိ စာသင်ကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား သုံးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ အဒေါ်ကြီးတစ်ယောက်လသေတယ်။ ရှောင်ချိန်ကိုမရဘူး။ မထင်မှတ်ဘဲလာပစ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲမရှိဘူး။ သုံးဦးကတော့ ဆေးကုသမှုခံယူနေပြီ။”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

လက်ရှိတွင် စဥ့်ကူးမြို့ကိုလည်း PDF များက ထိန်းထားနိုင်ပြီး စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူမှုများကြောင့် မြို့ရှိနေအိမ်ရာချီ မီးလောင်ကျွမ်းပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်မြောင်းတံတားပိတ်ထား၍ စစ်ဘေးရှောင်များ ရွှေဘိုမြို့နယ်ဘက်သို့ကူးသန်း၍မရဘဲ စဥ့်ကူးမြို့အနီး ပိတ်မိနေကြောင်း သိရသည်။

စဥ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နှစ်ပတ် အတွင်း ကလေးငယ်များအပါအဝင် ဒေသခံပြည်သူစုစုပေါင်း ၁၇ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တရားဝင်ထုတ်ပြန်ချက်အရ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်းနှင့် ပင်လယ်ကြီး တပ်စခန်းများအပါအဝင် တပ်စခန်းသိမ်းပိုက်မှု ၁၁ခုအထိ သိမ်းပိုက် ရရှိထားသည်။

စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

စဥ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီမှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် ၁၅ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ လက်နက်ချ အလင်းဝင်သော ပျူစောထီးများလည်း ရှိခဲ့သည်။

စဉ့်ကူးမြို့နယ် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် သုံ့ပန်း လေးဦးခန့် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ရန်သူ့အလောင်း နှစ်လောင်းနှင့် လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

(ဇူလိုင်လဆန်းပိုင်းက စဥ့်ကူးနယ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။