Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့တွင် မနက်ဖန်တိုက်ပွဲဖြစ်မည်ဟု သတင်းပျံ့နေ

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင် မနက်ဖန်(ဇူလိုင် ၂၀ရက်) တိုက်ပွဲဖြစ်မည်ဟုဆိုကာ ဒေသခံများအကြား ပြောဆိုသတင်းပျံ့နေသည်။

ယနေ့ ဇူလိုင် ၁၉ရက် နံနက်တွင် တွေ့ရသော ပြင်ဦးလွင်မြို့ မြင်ကွင်း။ ဓာတ်ပုံ - CJ

ကိုပုဂံ/People’s Spring

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင် မနက်ဖန်(ဇူလိုင် ၂၀ရက်) တိုက်ပွဲဖြစ်မည်ဟုဆိုကာ ဒေသခံများအကြား ပြောဆိုသတင်းပျံ့နေသည်။

မနက်ဖန် ဝါဆိုလပြည်နေ့တွင် တိုက်ပွဲဖြစ်မည်ဟုဆိုကာ လွန်ခဲ့သော ၃ရက်ကတည်းက သတင်းထွက်ပေါ်နေခြင်းဖြစ်ပြီး ယနေ့တွင် ပိုမိုပြောဆိုနေကြသည်ဟု ပြင်ဦးလွင်ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ညနေပိုင်းမှာ အပြင်မှာ လူသိပ်မရှိဘူး။ တချို့တွေ စျေးတွေကြိုဝယ်နေကြတယ်။ ဒီနေ့တော့ တိတ်နေတယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း ” သတင်းက ပြန့်နေတာ။ လပြည့်နေ့ ၂၀ရက်နေ့ဆိုပြီး။ အဲနေ့ တိုက်ပွဲဖြစ်မယ်ဆိုပြီး”ဟု ပြောသည်။

ထူးခြားသည်မှာ ယခုရက်တစ်ပတ်အတွင်း ပြင်ဦးလွင်မြို့၌ စစ်သား၊စစ်ဗိုလ်များ လုံးဝမမြင်တွေ့ရဟု ဒေသခံတစ်ဦးက ပြောသည်။

” မြို့ထံမှာ စစ်သားတွေ လုံးဝ မတွေ့ရဘူး။ မြို့အဝင်တွေရော စစ်သားလုံးဝမတွေ့ရဘူး။ အရင်က တစ်ခုခုဆို မြို့အဝင်တွေမှာ စစ်တာတွေရှိတယ်။ အခု မတွေ့ရဘူး”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် လားရှိုး၊နောင်ချို၊ ကျောက်မဲမြို့ဒေသခံများ ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းများ၌ လာရောက်စစ်ဘေးရှောင် ခိုလှုံနေကြသည်။

၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)နှင့်အတူ ရှမ်းမန်းစစ်ဆင်ရေးဟုဆိုကာ တအာင်းတပ်မတော် (TNLA)နှင့် မန္တလေး PDFပူးပေါင်းတပ်တို့သည် ဇွန်လ ၂၅ရက်က စတင်စစ်ရေးဖော်ဆောင်ခဲ့ပြီး ပြင်ဦးလွင်မြို့နှင့်အနီးကပ်ဆုံးမြို့အရှေ့ဘက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ပြင်ဦးလွင်မြို့၏ မြောက်ဘက်တွင်ရှိသော မိုးကုတ်မြို့ကိုလည်း TNLAနှင့် မန္တလေး PDFပူးပေါင်းတပ်တို့က သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်။

ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့မှာ (၃၅)မိုင်ကွာဝေးပြီး ပြင်ဦးလွင်နှင့် မိုးကုတ်မြို့မှာ (၈၈)မိုင်ကွာဝေးသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ရက်ကလည်း ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ အိမ်တော်နေရာနှင့် စစ်တက္ကသိုလ်(DSA) ကျောင်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

ဇန်နဝါရီအတွင်းကလည်း ပြင်ဦးလွင်မြို့နယ် ကျောက်မဲလေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းတပ်မတော်(TNLA)၊ မန္တလေး PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ရက်ဆက်တိုက်ပွဲများပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။