Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရဲစခန်းတိုက်ခိုက်မှု ရဲ ၄ဦးသေ၊လက်နက်များရဟု CDF ထုတ်ပြန်

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ၄ဦးသေဆုံးခဲ့ကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဟားခါးမြို့မရဲစခန်းမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - ဟားခါး CDF

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ၄ဦးသေဆုံးခဲ့ကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၀ရက် နံနက် ၅နာရီခွဲတွင် Operation Rung အမည်ဖြင့် မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲအတွင်း ရဲ ၄ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်း ဖော်ပြအသိပေးသည်။ ဓာတ်ပုံပါအရ စစ်ကောင်စီရဲများ ကိုင်ဆောင်သည့် လက်နက် ၂၃လက်ထက်မနည်းနှင့် ကျည်များကို ပြသထားသည်။

ရဲစခန်းရှိ အမျိုးသား ၄၉ဦး၊ အမျိုးသမီး ၁၃ဦးစုစုပေါင်း အကျဉ်းသား ၆၂ဦးတို့ကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

CDF ဟားခါးအနေဖြင့် အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူလူထုများ ပူးပေါင်းပါဝင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ