Connect with us

Hi, what are you looking for?

သတင်း

ညောင်​ရွှေမြို့နယ်တွင်တိုက်ပွဲပြင်းထန်​နေ

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

“စံကားမြို့တောင်ဘက်က PNAတပ်စခန်းအကုန်ကျပြီ။ထီရိကျတယ်ထွက်ပြေးရတယ်။စစ်တပ်ပါပြေးရတာ”

— စစ်​ရေးရင်းမြစ်တစ်ဦး

ဒေသခံပြည်သူတစ်​သောင်း​ကျော်စစ်​ဘေးတိမ်း​ရှောင်

ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဇူလိုင် ၁၈ ရက်ကစတင်ခဲ့သည့် တိုက်ပွဲတွင် စံကားဒေသတွင်းရှိ စစ်ကောင်စီတပိ နှင့် ပအိုဝ်းပြည်သူ့စစ်(PNO/PNA)တို့၏ ဂိတ်စခန်းအချို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိထား သည်ဟုစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“စံကားမြို့တောင်ဘက်က PNAတပ်စခန်းအကုန်ကျပြီ။ထီရိကျတယ်ထွက်ပြေးရတယ်။စစ်တပ်ပါပြေးရတာ”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် ဇူလိုင် ၂၀ ရက်​နေ့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် PNO/PNA က အင်အားဖြည့်လာသောကြောင့် စံကားဒေသနှင့်ဆက် စပ်နေသည့် ဆည်ခေါင်းရွာတွင်ပါ တိုက်ပွဲ ပြင်းထန်ပြီး တိုက်လေယာဥ်အချို့ ပျံသန်းနေကြောင်း ညောင်ရွှေမြို့ခံက ဆိုသည်။

“လေယာဥ် တစ်စင်းပြီးတစ်စင်းလာနေပြီ။ပြီးတော့ PNO နဲ့ စကစ က အင်အားအလုံးအရင်းဖြည့်နေတယ်။တိုက်ပွဲက ပိုပြင်းထန်လာနိုင်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ညောင်ရွှေမြို့နယ်တွင်း တိုက်ပွဲတွင် စစ်ရှောင်ဒေသခံ တစ်သောင်းကျော်ရှိနေကြောင်းလည်း Voice Of Pinlaung တာန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အသိပေးသည်။

“တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။နှစ်ဖက်ထိခိုက်မှုအ သေးစိတ်တော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

စံကား ဒေသ တိုက်ပွဲနှင့် ဆက်စပ်၍ ဒေသခံတော် လှန်ရေးအင်အားစုများထံသို့ လူထုနွေဦးက မေးမြန်းထားပြီး ဆက်သွယ်၍ မရသေးပေ။

ရှမ်းပြည်နယ်​မြောက်ပိုင်းတွင် ​ကျောက်မဲ ၊​နောင်ချို ၊သီ​ပေါ ၊လားရှိုး ၊မိုးမိတ် မြို့တို့တွင် ၁၀၂၇ စစ်ဆင်​ရေးဒုတိယပိုင်း၏ ထိုးစစ်များဖြင့်တိုက်ပွဲပြင်းထန်း​နေပြီး ​​တော်လှန်​ရေးတပ်များက​နောင်ချိုမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။​ရှမ်းပြည်နယ် ​မြောက်ပိုင်းတွင် ​တိုက်ပွဲများပြင်းထန်​နေချိန်တွင် ရှမ်းပြည်နယ်​တောင်ပိုင်းကိုပါ ​​ဒေသခံ​တော်လှန်​ရေးတပ်များကစတင်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

(​ညောင်​ရွှေမြို့နယ် မှ စစ်​ဘေး​ရှောင်ပြည်သူများ။
ဓါတ်ပုံ-Voice of Pinlaung)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် တို့၏ ထိုးစစ်ခုခံတိုက်ပွဲအတွင်း သေနတ်(၄)လက်အပါအဝင် တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်း သိမ်းဆည်းရရှိကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ယနေ့(မေလ ၁၆ ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးနေသည်ဟု ဒေသခံစစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ​ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားများ တိမ်းရှောင်နေသည့်စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်အဖွဲ့ PNOက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ် အပါအဝင် သေဆုံးထိခိုက်သူများရှိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ ၁၀ဦး ရေစီးဖြင့်မျောပါသွားကြောင်း ရေဘေးကူညီဆောင်ရွက်နေသူများက ပြောသည်။