Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်မှ နိုင်ကျဥ်း ၂၆၀ ဦးကို ဒိုက်ဦးထောင် ပြောင်းရွှေ့

စစ်ကောင်စီက ထောင်အပြောင်းအရွှေ့များကို စစ်ဆင်ရေးတစ်ရပ်အဖြစ်လုပ်နေဟု PPNM သုံးသပ်

ကျော်ဇော ၊ ​ဇေ​​အောင်/People’s Spring

စစ်ကောင်စီက အင်းစိန်အကျဥ်းထောင်၌ မတရားဖမ်းဆီး အကျဥ်းချခံထားရသော နိုင်ငံရေးအကျဥ်းသားများအနက် ၂၆၀ ဦးကို ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်သို့ ယနေ့ (ဇူလိုင် ၂၁) နံနက်တွင် ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သတင်းရရှိသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ပြောင်းရွှေ့ခဲ့ရာ အကျဥ်းသား ၂၀၀ဦးနှင့် အကျဥ်းသူ ၆၀ဦးကိုဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

အလားတူ အင်းစိန်ဗဟိုအကျဥ်းထောင်မှ အခြားနိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူအချို့ကိုလည်း ယနေ့နံနက်ပိုင်းတွင် သာယာဝတီထောင်သို့ ​ထောင်ပြောင်းရွှေ့မှုရှိခဲ့ပြီး အကျဥ်းသားဦးရေအား အတိအကျ မသိရသေးဟု PPNMက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီပြောင်းရွှေ့မှုတွေက အကျဥ်းဦးစီးဌာနနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးတော့မှ စစ်ဆင်ရေးတစ်ရပ်လိုမျိုးကိုမှ စနစ်တကျ ပြောင်းရွှေ့နေတာ ဖြစ်တယ်”ဟု PPNMမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လာမည့် ရှစ်လေးလုံးနှစ်ပတ်လည်ကာလအထိ ထောင်ပြောင်းရွှေ့မှုများ ခပ်စိပ်စိပ်ပြုလုပ်လာနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“အဓိကကတော့ အကျဥ်းထောင်အတွင်း ထောင်တွင်းသပိတ်တိုက်ပွဲတွေ ဖြစ်ပေါ်လာမှာကို သူတို့စိုးရိမ်တာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ကတည်းက ဒီလိုမျိုး ထောင်တွင်းသပိတ်တိုက်ပွဲတွေ မဖြစ်ဖို့၊ ထောင်ထဲမှာ လှုပ်ရှားမှုတွေ မဖြစ်ပေါ်လာဖို့အတွက် စုဖွဲ့မှုတွေပြိုကွဲအောင် စနစ်တကျစီစဥ်နေတာဖြစ်တယ်။ သူတို့စီစဥ်ထားတဲ့အတိုင်း ထောင်ပြောင်းရွှေ့မှုတွေကို သူတို့ပြုလုပ်နေတာဖြစ်တယ်။”ဟု ကိုသိုက်ထွန်းဦးက သုံးသပ်သည်။

စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနသည် ပြီးခဲ့သည့် ဇွန်လ ၁၉ရက်တွင် ကျရောက် သော နိုင်ငံတော်​၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေး နေ့မတိုင်မီကတည်းက အကျဥ်းသားရာနှင့်ချီ ထောင်အပြောင့်အရွှေ့လုပ်ခဲ့ပြီး နိုင်ကျဥ်းများ၏ စုဖွဲ့မှုနှင့် ထောင်တွင်းသပိတ်များကို ရှောင်ရှားနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“မနက် ၈နာရီဝန်းကျင်လောက်က အကျဥ်းသားတွေပို့တဲ့ကားတန်း ရောက်လာတယ်။ အချုပ်ကားကြီးပဲ အားလုံး (၆)စီး၊ ပွိုင့်ကားတွေနဲ့ဆိုရင် (၈)စီးကျော်မယ်”ဟု ဒိုက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးတိုင်း၊ ပဲခူးခရိုင်အတွင်းရှိ ဒိုက်ဦးအကျဥ်းထောင်သည် လူဦးရေ ၅၀၀ဆံသည့် (ခ)အဆင့် အကျဥ်းထောင်တစ်ခုဖြစ်ပြီး စစ်တပ် အာဏာသိမ်းထားသည့်နောက်ပိုင်း နာမည်ဆိုးနှင့်ကြော်ကြားသည့် အကျဥ်းထောင်တစ်ခုဖြစ်ပြီး ထောင်တွင်းနှိပ်စက်မှုများကြောင့် အကျဥ်းသား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

လွတ်ရက်စေ့နိုင်ကျဥ်း ၅ ဦးကိုလည်း အမှု​ဆင်ပြစ်ဒဏ်တိုးထား

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။