Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့တွင် တိုက်ပွဲပြင်းထန်​နေ

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့တွင် နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကျောက်မဲ မြို့အဝင်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ ဓါတ်ပုံ-​ရွှေဖီ​မြေ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့တွင် နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

” မြို့ထဲရော မြို့ပြင်ရော ဖြစ်နေတာ။ မနေ့ကရော ဒီနေ့ရော။ လူသေဆုံးတာလည်း ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယ‌နေ့(ဇူလိုင် ၂၁ရက်​​နေ့) တစ်နေကုန်နီးပါးမြို့ထဲတွင် တိုက်ပွဲဖြစ်ခဲ့ပြီး ညပိုင်း၌ မြို့မြောက်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီတပ်အမှတ်၅၀၂ ခြေမြန်တပ်ရင်း( ခမရ ၅၀၂) တွင် တိုက်ပွဲပြင်းထန်နေသည်ဟု မြို့ခံများကပြောသည်။

” စစ်ကောင်စီလေကြောင်းက လာနေတယ်။ ကုတင်အောက်မှာ အိပ်နေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဇွန် ၂၁ ရက် နေ့လယ် ကလေကြောင်းတိုက်ခိုက်မှု၌ ကျောက်မဲမြို့ နမ့်တုံရပ်မှ အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

ကျောက်မဲမြို့တွင် ဇွန်လ ၂၅ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေပြီးဒေသခံအများစုသည် မန္တလေးမြို့အပြင် အနီးနားကျေးရွာများသို့ သွားရောက်တိမ်းရှောင်ခဲ့ကြသည်။ မြို့ထဲတွင်ပိတ်မိနေသူများလည်းရှိသည်။

“အိမ်ဘေးနားမှာတိုက်ပွဲဖြစ်နေလည်းအိမ်ထဲဝပ်နေရင်ရတယ်။အခုကလေကြောင်းရန်ကိုပဲကြောက်နေရတာ။ အိပ်လို့တောင်မရဘူး”ဟုမြို့ခံတစ်ဦးကပြောသည်။

ကျောက်မဲမြို့ပေါ်ရှိစစ်ကောင်စီစခန်းများ နှင့် ဌာနဆိုင်ရာရုံးများအားလုံးကို TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားသည်။ မြို့မြောက်ဘက် ၂ မိုင်အကွာရှိ ခမရ(၅၀၁) ၊ ခမရ (၅၀၂)တပ်စခန်းနှစ်ခု ကျန်ရှိနေသေးသည်။ ယခင်ရက်များက မြို့ထဲ၌တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ ဇူလိုင် ၂၀ ၊ ၂၁ ရက်တိုက်ပွဲများတွင် မြို့တွင်း၌ ပါ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်​ကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။