Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တိုက်ပွဲ တစ်လနီးပါးအတွင်း အရပ်သား ၁၀၀ကျော် သေဆုံး၊ ၁၃၀ကျော်ဒဏ်ရာရ

ရှမ်းမြောက်တိုက်ပွဲ တစ်လနီးပါးအတွင်း အရပ်သား ၁၀၀ကျော် သေဆုံး၊ ၁၃၀ကျော်ဒဏ်ရာရ

ဇွန်လ ၂၅ရက်က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထိခိုက်သေဆုံးသည့် အရပ်သားများအား သယ်ယူအို့ဆောင်နေစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ဇွန်လ ၂၅ရက်မှ ဇူလိုင် ၂၃ရက်အထိ အရပ်သား ၁၁၀ ကျော်သေဆုံးကာ ၁၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၂၅ရက်က ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ပြန်လည်ဆင်နွှဲခဲ့သည့် တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့သည့် ယမန်နေ့ ဇူလိုင် ၂၂ရက်အထိ အရပ်သားထိခိုက်သေဆုံး စာရင်းများအရ တိုက်ပွဲ ၂၈ရက်အတွင်း အရပ်သား ၁၀၉ဦးသေဆုံးကာ ၁၃၆ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အရပ်သား သေဆုံးထိခိုက်မှုများသည် စစ်ကောင်စီက အရပ်သားများကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု TNLAက ဖော်ပြသည်။

ဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ ကိုးကန့်တပ်မတော်(MNDAA)က ပစ်ခတ်၍ အရပ်သား ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ရပြီး MNDAAက စစ်ကောင်စီတပ်ကို တိုက်ခိုက်စဉ် လက်နက်ကြီးကျည်ကျ၍ အရပ်သားအချို့ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကိုးကန့်တပ်ထိန်းချုပ်ရာ လောက်ကိုင်မြို့ကိုလည်း လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ယမန်နေ့ညသန်းခေါင်တွင် လောက်ကိုင်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ၍ အရပ်သား ပြည်သူ ၂ဦး ထပ်မံသေဆုံးကာ ၃ဦးဒဏ်ရာရခဲ့သည်ဟု ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။

အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည့် ဒေသများမှာ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များဖြစ်သည်။

သိန္နီနှင့် လောက်ကိုင်မြို့များကိုလည်း စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

TNLA၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း စစ်ကောင်စီ၏ လက်ချက်ကြောင့်အရပ်သား ထိခိုက်မှု အခြေအနေကို ဖော်ပြသည်။

ဇူလိုင် ၁၉ရက်တွင် ကျောက်မဲမြို့ အင်ကြင်းတောင်အထက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ငါးဦးထိမှန် သေဆုံးသွားခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် (၆)လုံး ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

ဇူလိုင် ၂၀ရက် ညနေပိုင်းကလည်း ကျောက်မဲမြို့ ဒေသခံ လေးဦးသည် ဆိုင်ကယ် (၂)စီးဖြင့်မောင်းနှင်လာစဥ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာတွင် လေးဦးလုံး သေဆုံးခဲ့ရပြီး ရုပ်အလောင်းများကိုလည်း အခင်းဖြစ်ရာ၌ စုပုံစွန့်ပစ်ထားသည်ဟုဆိုသည်။

ဇူလိုင် ၂၁ရက် ကျောက်မဲမြို့ရှိ နမ့်တုံရပ်နှင့် ရပ်ကွက်(၈)တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးလက်နက်ကြီးစထိမှန်သေဆုံးပြီးသွားခဲ့သည်ဟု ဖော်ပြသည်။

ယမန်နေ့ (ဇူလိုင် ၂၂ ရက်)တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ဟု ထုတ်ပြန်သည်။

နောင်ချိုမြို့ ရွှေပြည်ညွန့်လမ်းအနီးတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး နှစ်ဦးဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး ‌ရှောက်ခြုံကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား သုံးဦးသေဆုံးပြီး နေအိမ် (၃)လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေဟု SOG စစ်ကြောင်းမှူးပြော

သတင်း

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် - ကျုံဒိုး လမ်းပိုင်းမှာ ဒီနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅ ) မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။