Connect with us

Hi, what are you looking for?

သတင်း

“ဦးဝင်းမြင့်သာလျှင် ငါတို့သမ္မတ” ဟူသောစာတမ်းချိတ်ဆွဲ၍ ရန်ကုန်၌ ဆန္ဒပြ

အဆိုပါ လှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ်သပိတ် ကော်မတီ (SPTSC)နှင့် မျိုးဆက်သစ်လူငယ်သပိတ် ကော်မတီ(NGYSC)တို့ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ

သုည/People’s Spring

ရန်ကုန်မြို့ ခုံးကျော်တံတားတစ်ခုပေါ်တွင် ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းက တော်လှန်လူငယ်များ ဦးဆောင်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူးယူခြင်းအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ” ဦးဝင်းမြင့်သာလျှင် ငါတို့သမ္မတ” ဟူသော ဘန်နာစာသား ချိတ်ဆွဲခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ်သပိတ် ကော်မတီ (SPTSC)နှင့် မျိုးဆက်သစ်လူငယ်သပိတ် ကော်မတီ(NGYSC)တို့ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ကလည်း ရန်ကုန်မြို့ နေရာအချို့တွင် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်းကာ ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ ကိုလှမျိုးအောင်(ခ)ကိုမျိုး၊ ကိုသူရအောင် (ခ)ကိုဂတုံးတို့ လေးဦး မတရားကြိုးပေးသတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လူထုက ‌ရွေးကောက်တင်မြောက်ထားတဲ့ မြန်မာနိုင်ငံရဲ့တစ်ဦးတည်းသော တရားဝင်သမ္မတဦးဝင်းမြင့် မတရားဖမ်းဆီးခံထားရတာကနေ ပြန်လည်လွတ်မြောက်လာပြီး နာရီအနည်းငယ်အကြာမှာ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း လှုပ်ခတ်သွားစေတဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ...

သတင်း

စစ်ကောင်စီ က မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ ရဲ့ တရားခွင်မှာတွေ့မြင်ရတဲ့ CCTV ရုပ်သံမှတ်တမ်း အချို့ကို ဗြိတိန်အခြေစိုက် The Guardian သတင်းစာက ဖော်ပြလာပါတယ်။

သတင်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့်အား နှစ်ရှည်လများ ပိတ်ပင်ခံထားရကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားသည်။