Connect with us

Hi, what are you looking for?

သတင်း

ထိုင်ဝမ် ကမ်းလွန်မှာ ကုန်တင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ ၉ ဦး ပျောက်ဆုံးနေ

ထိုင်ဝမ် အမျိုးသား ကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ ရှိုဟွမ်ချန်းက သင်္ဘောသားတွေဟာ ပင်လယ်ပြင်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတာ တွေ့ခဲ့ရကြောင်းနဲ့ အနီးမှာရှိတဲ့ ကုန်တင် သင်္ဘောတစ်စီးကလည်း သူတို့ကို ကူညီနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နေခဲ့ကြောင်း ပြောပါတယ်။

ထိုင်ဝမ်နိုင်ငံ တောင်ဖက် ကမ်းရိုးတန်းမှာ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်ပြီး မြန်မာနိုင်ငံသား သင်္ဘောသား ၉ ဦး ပျောက်ဆုံးနေပါတယ်။

သူတို့ဟာ သင်္ဘောရဲ့ အခြေအနေ မကောင်းလို့ ရေယာဉ်ကို စွန့်ခွာပြီးတဲ့နောက် ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတာလို့ ထိုင်ဝမ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ မြန်မာသင်္ဘောသားတွေဟာ အသက်ကယ် အင်္ကျီတွေ ဝတ်ဆင်ထားတယ်လို့ ယုံကြည်ရပြီး လောလောဆယ် သူတို့ကို ရှာဖွေ ကယ်ဆယ်ဖို့ ကြိုးစားမှုတွေဟာ တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။

ထိုင်ဝမ် အမျိုးသား ကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ ရှိုဟွမ်ချန်းက သင်္ဘောသားတွေဟာ ပင်လယ်ပြင်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတာ တွေ့ခဲ့ရကြောင်းနဲ့ အနီးမှာရှိတဲ့ ကုန်တင် သင်္ဘောတစ်စီးကလည်း သူတို့ကို ကူညီနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နေခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၅ ရက်နေ့က တန်ဇန်းနီးယားအလံ လွှင့်ထူထားတဲ့ Fu Shun ရေယာဉ် နစ်မြုပ်တဲ့ အကြောင်းရင်းနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဘယ်အချိန်မှာ ရောက်ရှိသွားသလဲ ဆိုတာတွေကိုတော့ ရှိုက အသေးစိတ် ပြောကြားမသွားပါဘူး။ ဒါပေမဲ့ ရာသီဥတုက နည်းနည်း တည်ငြိမ်တာနဲ့ သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေကို ချက်ချင်း စေလွှတ်မယ်လို့ အစောပိုင်းမှာ ကယ်ဆယ်ရေး အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

နာရီပိုင်း အကြာမှာတော့ မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေကြောင်း အေဂျင်စီက သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာသွားပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ထိုင်ဝမ်ကို ဇူလိုင် ၂၄ ရက် ညပိုင်းမှာ စတင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းဟာ အကြမ်းဆုံး အခြေအနေတွေမှာ တစ်နာရီကို ၁၉၀ ကီလိုမီတာနှုန်းထိ ရောက်ရှိခဲ့ပါတယ်။

ဂေမီနဲ့ ဆက်စပ်နေတဲ့ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ဖိလစ်ပိုင် ကမ်းလွန်မှာလည်း ရေနံတင် သင်္ဘောတစီး တိမ်းမှောက်ပြီး လောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ကိုးကား: Barron’s⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း ယူကရိန်း ရေတပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။