Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲရေကာတာ စစ်ကောင်စီတပ်ဖွင့်ချသဖြင့် မိုးဗြဲနှင့်လွိုင်ကော် ရေကြီးမှုအန္တရာယ်သတိပေး

ယမန်နေ့(ဇူလိုင် ၂၅ရက်) နံနက်အစောပိုင်းမှစ၍ မိုးဗြဲရေကာတာ ရေတံခါးအားဖွင့်ချခဲ့ရာ ၂၄နာရီအတွင်း ဘီလူးချောင်းရေမှာ (၈)ပေအထိ မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

မိုးဗြဲရေကာတာကို စစ်ကောင်စီဖွင့်ချပြီးနောက် ဘီးလူးချောင်းဘေးရှိ လူနေအိမ်များနှင့် စပါးခင်းများရေနစ်မြှုပ်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - PKPF

ရဲခေါင်/People’s Spring

မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၂) တပ်ရင်းက မိုးဗြဲရေကာတာကို အဆင်အခြင်မဲ့ ဖွင့်ချသဖြင့် ရေကြီးမှုများဖြစ်ပေါ်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂၅ရက်) နံနက်အစောပိုင်းမှစ၍ မိုးဗြဲရေကာတာ ရေတံခါးအားဖွင့်ချခဲ့ရာ ၂၄နာရီအတွင်း ဘီလူးချောင်းရေမှာ (၈)ပေအထိ မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတို့တွင် ရေကြီးမှုများ ဖြစ်ပေါ် နေပြီး လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသော ဒေသခံ တောင်သူလယ်သမားများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် တမင် လုပ်ဆောင်ခြင်းဟု IECက သုံးသပ်သည်။

မိုးဗြဲရေကာတာဖွင့်ချသည့် အကျိုးဆက်ကြောင့် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် စပါးခင်းအများစု (ခန့်မှန်း ဧက ၁၀၀၀ ခန့်)မှာ ရေနှစ်မြှုပ် နိုင်ပြီး ပျက်စီးဆုံးရှုံးမည့်အရေးနှင့် ကြုံတွေ့ရနိုင်ပြီး လွိုင်ကော်မြို့နှင့်အနီးတဝိုက်ရှိ လူနေ ရပ်ကွက်များနှင့် ကျေးရွာများမှာလည်း ရေကြီးမှုများ ရှိလာနိုင်ကြောင်း IEC က ဖော်ပြသည်။

“နွေရာသီမှာ ရေမလွတ်ဘဲ ကနေ့ချိန်ထိ လှောင် ထားတဲ့ မိုးဗြဲဆည်။ပြည်သူများ၊ လယ်သမားများ တို့က စစ်ကောင်စီရဲ့ လက်ကွက်ကို ကြိုသိလို့ ဘီလူးချောင်းအနီး ဘယ်သူမှ ဆန်စပါး မစိုက်ပျိုးဟု သိရတယ်။ ဘီလူးချောင်းဘေးနေတဲ့ စစ်ရှောင်တွေတော့ အထူးသတိပြုကြပါ။ တစ်ရက် ၃ ပေ ရေတက်လာဟု သိရတယ်”ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု တာဝန်ရှိသူက ပြောသည်။

မိုးဗြဲရေကာတာကို စစ်ကောင်စီဖွင့်ချပြီးနောက် ဘီးလူးချောင်းဘေးရှိ လူနေအိမ်များနှင့် စပါးခင်းများရေနစ်မြှုပ်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ – PKPF

သုံးရက်အတွင်း ရေများထပ်မံမြင့်တက်လာနိုင်သည့် အရေးပေါ် အခြေအနေဖြစ်နေပါသဖြင့် လွိုင်ကော်မြို့နှင့် အနီးတဝိုက် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် အထူးသတိပြုရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရွေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် သတိပေးသည်။

အရေးပေါ်အကူအညီအတွက် ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတို့၏ စီကနယ် ဖုန်းနံပါတ်များ ဖြစ်ကြသော +66 951 901 790 ၊ +66 955 751 317 တို့သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးသည်။

(မိုးဗြဲရေကာတာကို စစ်ကောင်စီဖွင့်ချပြီးနောက် ဘီးလူးချောင်းဘေးရှိ လူနေအိမ်များနှင့် စပါးခင်းများရေနစ်မြှုပ်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ – PKPF)

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ