Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားသုံးဦး ထပ်မံသေဆုံး

ယမန်နေ့ (ဇူလိုင် ၂၅ရက်) နံနက်တွင် ကိုးကန့်တပ်မတော်(MNDAA) မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခဲ့ပြီဟုကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လားရှိုးမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား သုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၂၅ရက်) နံနက်တွင် ကိုးကန့်တပ်မတော်(MNDAA) မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခဲ့ပြီဟုကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ လားရှိုးမြို့တွင်းရှိ မိသားစုဝင် သုံးဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား သုံးဦးထိမှန်ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။ ထို့ပြင် ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ပြန်လည်စတင်ခဲ့ပြီးနောက် တစ်လကြာ ရှမ်းမြောက်တိုက်ပွဲများ၌အရပ်သား ၁၂၅ ဦးထက်မနည်းသေဆုံးခဲ့ရာ လားရှိုးမြို့မှ လူသေဆုံးထိခိုက်မှု အများဆုံးဖြစ်သည်။ TNLAက ထုတ်ပြန်သည့် စာရင်းများအရ လားရှိုးမြို့၌ အရပ်သား ၄၁ဦး သေဆုံးကာ ၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် အရပ်သား နေအိမ်များစွာနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်လတာအတွင်းအရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF) ကအောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။