Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားသုံးဦး ထပ်မံသေဆုံး

ယမန်နေ့ (ဇူလိုင် ၂၅ရက်) နံနက်တွင် ကိုးကန့်တပ်မတော်(MNDAA) မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခဲ့ပြီဟုကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လားရှိုးမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား သုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၂၅ရက်) နံနက်တွင် ကိုးကန့်တပ်မတော်(MNDAA) မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခဲ့ပြီဟုကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ လားရှိုးမြို့တွင်းရှိ မိသားစုဝင် သုံးဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား သုံးဦးထိမှန်ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။ ထို့ပြင် ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ပြန်လည်စတင်ခဲ့ပြီးနောက် တစ်လကြာ ရှမ်းမြောက်တိုက်ပွဲများ၌အရပ်သား ၁၂၅ ဦးထက်မနည်းသေဆုံးခဲ့ရာ လားရှိုးမြို့မှ လူသေဆုံးထိခိုက်မှု အများဆုံးဖြစ်သည်။ TNLAက ထုတ်ပြန်သည့် စာရင်းများအရ လားရှိုးမြို့၌ အရပ်သား ၄၁ဦး သေဆုံးကာ ၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် အရပ်သား နေအိမ်များစွာနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။