Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နေပြည်သူများသို့ ရည်ညွှန်း၍ MNDAA ကြေညာချက်ထုတ်

ပုဂ္ဂလိကနေအိမ်အဆောက်အအုံများမပျက်စီးစေရန် ၊ ပြည်သူများကိုကာကွယ်ရန် တပ်ဖွဲ့ဝင်များကိုအဓိကညွှန်ကြား

ဓါတ်ပုံ- 3BHA

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က လားရှိုးမြို့ပြည်သူလူထုသို့ ဦးတည်၍ အချက် ၇ ချက်ပါသောထုတ်ပြန်ကြေညာချက် ကိုထုတ်ပြန်လိုက်သည်။

MNDAA တပ်ဖွဲ့ဝင်များအနေဖြင့် ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများကို မကျူးလွန်ရ ချိုးဖောက်ပါက ပြင်းထန်စွာအရေးယူမည် ၊ အရပ်သားနေအိမ်များကို စစ်ရေးအဆောက်အဦးအဖြစ် အသုံးပြုနေထိုင်ခြင်းမပြုရန် ၊ စစ်ရေးဆိုင်ရာလှုပ်ရှားမှု မဟုတ်ဘဲ အရပ်သားနေအိမ်သို့မဝင် ရန် ၊ အရပ်သားကားများကို အတင်းအဓမ္မအသုံးပြုခြင်းမလုပ်ရန် ၊အရပ်သားများထံမှ ငွေကြေးသိူ့မဟုတ် ပစ္စည်းကောက်ခံခြင်းပို့ခိုင်းခြင်းမပြုရန်၊ စစ်ျရးအုပ်ချုပ်မှုကာလအတွင်း မည်သူထံကမျှ အခွန်မကောက်ရန် ၊လူ့အခွင့်အရေးချိုးဖောက်ပါကပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြထားသည်။

ထိုအပြင် ဒုက္ခသည်များကိုကူညီရန် ၊ဒဏ်ရာရသူများကိုကယ်တင်ရန် ၊တိုက်ပွဲကြောင့် ဒုက္ခရောက်ရသူများကိုလည်းကောင်းမွန်စွာပြုစုစောင့်ရှောက်ရန်လည်း ဖော်ပြထားသည်။ထုတ်ပြန်ချက်ရက်စွဲကို ဇူလိုင် ၂၇ ရက်တပ်ထားပြီး ယနေ့(ဇူလိုင် ၂၈)တွင်တရားဝင်ထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်သုံ့ပန်းများ ၊လက်နက်ချသူ ၊အလင်းဝင်သူများကိုလည်းကောင်းမွန်စွာဆက်ဆံရန် မည်သည့်အကြောင်းနှင့်မျှ ခွဲခြားဆက်ဆံခြင်း၊နှိပ်စက်လြင်းမပြုရဟု ညွန်ကြားထားသည်။

စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း မူလ တာဝန်ရာထူးဖြင့်ထမ်းဆောင်စေမည်ဟုဖော်ပြသည်။သို့သော် ပြည်သူများကမူ စစ်ကောင်စီဝန်ထမ်းများကို တာဝန်ဆက်လက်ထမ်းဆောင်စေခြင်းမပြုဘဲ စစ်အုပ်စုကို အကြမ်းမဖက်အာဏာဖီဆန်မှုပြုလုပ်နေသော CDM ဝန်ထမ်းများကို ဦးစာပေးတာဝန်ထမ်းဆောင်စေလိုကြောင်းပြောကြသည်။

လားရှိုးမြို့နေ ပြည်သူများ၏ အသက်အိုးအိမ်စ်းစိမ်များကာကွယ်ရန် ၊ပြည်သူများ၏ နေထိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများ မူလအတိုင်းရောက်ရှိစေရန် ၊ လူ့ဘောင်အဖွဲ့အစည်းတာ်ငြိမ်အေးချမ်းစေရန် MNDAA နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီတို့က ယခုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ပြည်သူလူထုလွတ်လပ်ခွင့်ကိုချိုးဖောက်ခြင်း ၊ ဖမ်းဆီးချုပ်နှောင် ခြင်း နှင့် ရိုက်နှက်စစ်ကြောခြင်းတို့ကို လုံးဝ ကန့်ကွက်သည်ဟုလည်းပါရှိသည်။မြို့ရှိ တိုင်းရင်းသားများ တန်းတူညီမျှအခွင့် အရေးရှိမည်ဖြစ်ပြီး ခွင့်ခြားဆက်ဆံမှု မပြုရဟုဆိုသည်။

ဘာသာရေး နှင့် ဘာသာရေး အဆောက်အုံများကို ဖျက်ဆီးခြင်း ခွဲခြားခြင်းမပြုရဘဲ အထူးဒေသ (၁)ဥပ​ဒေ နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ရန်လည်းဖော်ပြထားသည်။

စစ်ကောင်စီအကာအကွယ် ပေးမှုကြောင့် ဆိုက်ဘာမှုခင်း၊ အွန်လိုင်းလိမ်လည်မှု (ကျဖျင်)လုပ်ငန်းများလားရှိုးမြို့တွင်အကြီးအကျယ်လုပ်ဆောင်နေခြင်းကို တိုက်ဖျက်ပြီး ၊ကျဖျင်လုပ်ကိုင်သောတရုတ်နိုင်ငံသားများဖမ်းဆီးရရှိပါက တရုတ်သို့လွှဲပြောင်းပေးမည်ဟုအသိပေးထားသည်။

စစ်ကောင်စီလက်ထက်တွင် မူးယစ်ဆေးဝါးရောင်းဝါးသုံးစွဲမှုအပေါ် ကြပ်မတ်မှုအားနည်းခဲ့သောကြောင့်လားရှိုးမြို့တွင် မူးယစ်ဆေးဝါးအလွန်ပေါများနေပြီး ၊ဒေသခံများကလည်းမုန်းတီး၍ မူးယစ်တိုက်ဖျက်ရေးကို ဆောင်ရွက်မည်ဟုလည်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။