Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့ကို စစ်ကောင်စီရေတပ် ထပ်မံတိုက်ခိုက်နေ

ယနေ့(ဇူလိုင်၂၉ရက်)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေယာဥ်(၄)စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် နံနက် ၈နာရီခွဲက စဥ့်ကူးမြို့အနီးရောက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Voice of Wetlet Madayar အဖွဲ့က ပြောသည်။

စဥ့်ကူးမြို့သို့ဆန်တက်လာသော စစ်ကောင်စီရေယာဥ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-The voice of wetlet madayar

ဇေအောင်/People’s Spring

မန္တလေး PDF ပူးပေါင်းတပ် သိမ်းပိုက်ထားသော စဉ့်ကူးမြို့ကို စစ်ကောင်စီ​၏ ရေတပ်က ယနေ့နံနက်တွင် ရေကြောင်းမှလာရောက်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင်၂၉ရက်)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေယာဥ်(၄)စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် နံနက် ၈နာရီခွဲက စဥ့်ကူးမြို့အနီးရောက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Voice of Wetlet Madayar အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အင်အားကတော့ များမယ်။ စဥ့်ကူးနဲ့ လက် ပန်လှ ထိုးစစ်ဆင်မယ်ကြားနေတာပဲ”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိခိုက်ပျက်စီးမှုနှင့် တိုက်ပွဲအခြေအနေကိုမူ မသိရသေးပေ။

စဉ့်ကူးမြို့အား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် (၃)ရက်အကြာ ဇူလိုင် ၂၀ ရက်တွင် စစ်ကောင်စီက သင်္ဘော ၅စီးဖြင့် မြစ်ကြောင်းမှတဆင့်တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။

သို့သော် စစ်ကောင်စီရေတပ် အထိနာပြီး ဆုတ်ခွာသွားခဲ့ကြောင်း မန္တလေး PDFက အသိပေးထားသည်။

ယနေ့နံနက်ပိုင်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ် ဆင်မှုအခြေအနေနှင့်ပတ်သတ်၍ မန္တလေး PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်အား ဆက်သွယ်မေးမြန်းထားပြီး လက်တလော ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စဉ့်ကူးမြို့ နယ်မြေလုံခြုံရေးနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်ထားကြောင်း မန္တလေး PDFက ဇူလိုင် ၂၇ရက်တွင် ထပ်မံအသိပေးထားသည်။

အလားတူ ရွှေဘို​မြို့နယ်၊ ကျောက်မြောင်းတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် နေ၍ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။