Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ နှင့် ကျွန်းစုမြို့နယ်အစပ်တွင် စစ်ရေးတင်းမာနေ

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ ရဲဘော်အချို့ကိုတွေ့ရစဥ်

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“စစ်ရေးတင်းမာနေဆဲပါ။ တနင်္သာရီမြို့နယ်လယ်သစ်ရွာမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စကစဘက်က အင်အား၂၀၀ ကျော်စစ်ကြောင်းထိုးလာတာ။ နှစ်ကြောင်းခွဲပြီး ၁၀၀ စီထိုးနေတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၈ရက်နေ့က တနင်္သာရီနယ်၊ လယ်သစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နံနက် ၁၁ နာရီခွဲခန့်နှင့် နေ့လယ် ၂ နာရီဝန်းကျင်တို့တွင် တော်လှန် ရေးတပ်ဖွဲ့များက မိုင်းဖြင့်နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း အတိ အကျ မသိရသေးပေ။

ထို့ကြောင့် တနင်္သာရီနှင့် ကျွန်းစုနယ်အစပ်တွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ရာ စစ်ကောင်စီတပ်အဓိကဝင်ရောက်လာသည့် ကျွန်းစုမြို့နယ်ဘက်မှ ပြင်ဝန်း၊ စမ်းသစ်၊ ဝါရစ်၊ သထာ၊ သပြေပင်၊ ဂျိူးတောင်၊ ချုံချင်းစသည့်ကျေးရွာများမှ ပြည်သူများအနေနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ မိမိနေ အိမ်များသို့ ပြန်လည်နေထိုင်နေခြင်းများ လုံးဝမပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးသည်။

ဇူလိုင် ၂၄ ရက်နေ့ကလည်း တနင်္သာရီမြို့ နယ်၊ လယ်သစ်ရွာဘက်သို့ဦးတည်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ကျွန်းစုဘက်ခြမ်း ဝါရစ်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ နီးပါးထိခိုက်သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။