Connect with us

Hi, what are you looking for?

သတင်း

သမဝါယမစနစ်ကို ပြန်ကျင့်သုံးမည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်ဆိုပြန်

အာဏာသိမ်း​ခေါင်း​ဆောင်ကို ဇူလိုင် ၃၀ ရက်က ​နေပြည်​တော်တွင်​တွေ့ရစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ

ရဲခေါင်/ People’s Spring

စီးပွားရေးဖွံ့ဖြိုးရန် သမဝါယမစနစ် ကို ကျင့်သုံးမည်ဟု အာဏာသိမ်းခေါင်းကပြောသည်။

စစ်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့ပြီး ပြည်သူလူထု ပိုမိုဆင်းရဲကြပ်တည်းကာ မအောင်မြင်ခဲ့​သော သမဝါယမစနစ်သည်သာ နိုင်ငံ၏လက်ရှိအခြေအနေအရ အသင့်လျော်ဆုံးဖြစ်ကြောင်း ယမန်နေ့(ဇူလိုင် ၂၉ ရက်) က နေပြည်တော်အစည်း အဝေးတွင် အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ​ပြောသည်။

Public Service Announcement

Public Service Announcement

သမဝါယမအသင်း​ဖြင့်ဖွဲ့စည်းမည့် စိုက်ပျိုးရေး၊မွေး မြူရေးနှင့် ထုတ်ကုန်လုပ်ငန်းများကို အရင်းအနှီး၊နည်းပညာနှင့်အခြားလိုအပ်မှုတို့ကို ထောက်ပံ့မည်ဟု ၎င်းကဆိုသည်။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် သမဝါယမဝန်ကြီး ဌာနကို ဖျက် သိမ်းခဲ့သော်လည်း အာဏာသိမ်းစစ်အုပ်စုက ပြန်လည်ဖွဲ့စည်းခဲ့သည်။

ခေတ်နောက်ပြန်ဆွဲမည့် သမဝါယမစနစ်ကို စစ်တပ်ထောက်ခံသူများပင် မလိုလားကြောင်း ပြောဆိုသည်။

“ဦးနေဝင်းလက်ထက်ကစလို့ သမစနစ် ဆိုတာ အပေါ်က ဝါးအောက်က ငတ်ဖြစ်ခဲ့ရပါတယ်။ဝိုင်းလုပ်ဝိုင်း စားတော့ မဟုတ်ဘူး။ဝိုင်းလုပ် ဝိုင်းခိုး”ဟု စစ်တပ် နှင့် ဆက်နွယ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်းစားအုန်းဆီဝယ်ယူရန်ကိုပင် အိမ်ထောင်စုစာရင်းပြရသည့် အခြေအနေတွင် အချို့သည် စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ကြီးအချို့ကို လာဘ်ငွေပေးဝယ်​နေကြသည်။

“မဆလ ခေတ် ကတည်းကနေ စခဲ့တဲ့ သမဝါယမ စနစ် ဆိုတာ သာတူညီမျှအားစိုက်ပြီးရလာတဲ့ အကျိုး အမြတ်ကို ခွဲတမ်းယူရ တာပေါ့။ခွဲတမ်းဆိုတာလည်း အာဏာရှိတဲ့သူက ခွဲခြမ်း ပေးတာပါပဲ။ဗဟိုဦးစီးစနစ်နဲ့ မတိမ်မယိမ်းပဲ။ဘယ် စစ် အစိုးရမှလည်းအောင်မြင်အောင်လုပ်နိုင်ခဲ့တာ မဟုတ်ဘူး။အကုန်လုံးက အဂတိတရားမှ မကင်းတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်အစိုးရအဆက်ဆက်တွင် သမဝါယမစနစ်ကျင့်သုံးပြီး အဂတိထူ​​ပြောကာ စီမံခန့်ခွဲမှုအမှားများ​ကြောင့် လူသုံးကုန် ၊အိမ်သုံးကုန်ပစ္စည်းများရှားပါးပြတ်လပ်ပြီး ပစ္စည်းတစ်ခုရရန် သမဆိုင်များတွင် အချိန်​ပေးတန်းစီရ​သောအ​ခြေအ​နေဖြစ်ခဲ့သည်။အချိန်​ပေးတန်စီ​သော်လည်း ခွဲတမ်းစနစ်ဖြင့် ဖြစ်​သောလည်း ပြည်သူများဝယ်လိုသလိုဝယ်မရဘဲ

ပြည်သူလူထု ဆင်းရဲကြပ်တည်းမှု ကြီးမားခဲ့​သောကာလများဖြစ်သည်။ စစ်​ကောင်စီက အာဏာသိမ်းပြီး ၃ နှစ်​ကျော်မှာပင် စားအုန်းဆီ ၊ဆန် ၊စက်သုံးဆီ စ​သောအ​ရေးကြီးကုန်စည်များကို ရှားပါးပြတ်လပ်​အောင် ပြုလုပ်​နေပြီဖြစ်သည်၊

ကမ္ဘာ့ဘဏ်၏ ယခုနှစ် ခြောက်လပတ် အစီရင်ခံစာအရ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း မြန်မာ နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ခုနှစ်သန်းတိုးလာသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းများ ထွက်ခွာခြင်း၊ ပို့ကုန်သွင်းကုန် ကျဆင်းခြင်း၊ကုန်ထုတ်လုပ်မှုလျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုခြင်း၊ မီးပျက်ခြင်းစသည် အကြာင်းရင်းများသည် စီးပွားရေးကျ ဆင်းခြင်း၏ အဓိကအ​ကြောင်းရင်းများဖြစ်​ကြောင်းကမ္ဘာဘဏ်က ထောက်ပြသည်။

တစ်ဖက်တွင် အာဏာသိမ်း​ခေါင်း​ဆောင်သည် အာဏာသိမ်းပြီးစကတည်းက လျှပ်စစ်ရထား နှင့်ကားများ ​ပြေးဆွဲမည်ဟု​ပြောခဲ့​သော်လည်း မီးမှန်​အောင်မ​ပေးနိုင်ဘဲ ​နောကပိုင်းတွင် လျှပ်စစ်ရထား အ​ကြောင်းအ​ပြောရပ်ခဲ့သည်။မီးပျက်​သော်လည်း လျှပ်စစ်ကား နှင့် ဆိုလာတင်သွင်းမှုကို အာဏာသိမ်း​ခေါင်း​ဆောင် သားသမီးများနှင့်ပူး​ပေါင်းလုပ်ကိုင်သူများ ၊စစ်​ကောင်စီ နှင့် နီးစပ်သူများကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ထိုအုပ်စုမှာ အကျိုးအမြတ်များစွာရရှိခဲ့​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။