Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ရွာသာယာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ တော်လှန်ရေးအဖွဲ့ လက်နက်ခဲယမ်းများရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။

ရွာသာယာစခန်းသိမ်းတွင် ရရှိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - PSR

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။

ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား ဇူလိုင် ၂၄ရက် နံနက် ၄နာရီ ၁၅မိနစ်မှစတင်ကာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈နာရီခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅၀ကျော်သေဆုံးပြီး တော်လှန်‌ရေးအဖွဲ့ဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

“ခုခံတိုက်တဲ့ကောင်တွေအကုန်သေတယ်”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် သေနတ်(၁၇)လက်ထက်မနည်းအပါအဝင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

ရွာသာယာစစ်ကောင်စီတပ်စခန်းသည် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းနားဘေးရှိ ကျေးရွာများအား မီးရှို့ခြင်း၊ ပစ္စည်းများကို ခိုးယူခြင်း၊ပြည်သူလူထုအား သတ်ဖြတ်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် အခြေအနေကောင်းကို စောင့်ပြီး အမြန်ဆုံးသိမ်းပိုက်လိုက်ရခြင်းဖြစ်ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊‌ရွှေဘိုခရိုင် ကွပ်ကဲရေး(၂)အောက်ရှိ အမှတ်(၁)+(၂)တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် ၅၁၂ တပ်ရင်း၊ မန်းခရိုင် တပ်ရင်း(၆)၊ဝက်လက်မြို့နယ် ပကဖနှင့် စဉ့်ကူးမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာက ထမင်းဆိုင်ရှင်အပါအဝင်ဒေသခံ ၅ ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးသွားပြီး နောက် စစ်တပ်က ဒေသခံပြည်သူ တွေကိုဝင် ရောက်ဖမ်းဆီး​နေတာ​ကြောင့် ၅ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။