Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားတွင် စစ်ကောင်စီ ဖမ်းထားသည့် ကချင်ဘာသာရေးဆရာနှစ်ဦး ပြန်လွတ်လာ

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ် ရှိ ဘာသာရေးဆရာ လေးဦးကို စစ်ကောင်စီတပ်က ဇူလိုင်အတွင်း ဖမ်းဆီးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပြီး ယင်းအနက် နှစ်ဦးပြန် လွတ်မြောက်လာကြောင်း အသိပေးသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီးမှုမြင်ကွင်း။ ဓာတ်ပုံ - Padang Nsen

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ် ရှိ ဘာသာရေးဆရာ လေးဦးကို စစ်ကောင်စီတပ်က ဇူလိုင်အတွင်း ဖမ်းဆီးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပြီး ယင်းအနက် နှစ်ဦးပြန် လွတ်မြောက်လာကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်ဖွဲ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဘာသာရေးဆရာ သုံးဦးကို ဇူလိုင် ၂၆ရက်က အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ဖမ်းဆီးထားသူများအနက် ဆရာဆွတ်အောင်ကို ပြန်လွှတ်ပေးခြင်းမရှိဘဲကျန် ဘာသာရေးဆရာ နှစ်ဦးကို ဇူလိုင် ၂၇ရက်တွင်ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

ဇူလိုင် ၁၇ရက်ကလည်း ဝိုင်းမော်မြို့နယ် KBC ဥက္ကဋ္ဌကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း KIA သတင်းပြန်ကြားရေးဌာန က ဖော်ပြသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီက ဘာသာရေးဆရာ နှင့် ပြည်သူများကို ပစ်မှတ်ထား အကြောင်းမဲ့ ဖမ်းဆီးမှုများရှိနေ၍ ပြည်သူများ စိုးရိမ်နေကြရသည်ဟု အသိပေးထားသည်။

စစ်ကောင်စီသည် KBC ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာခလမ်ဆန်ဆွန်ကိုလည်း ၂၀၂၂ ဒီဇင်ဘာက ဖမ်းဆီးခဲ့ပြီး ယခုနှစ် ဧပြီ ၁၇တွင် ပြန်လွှတ်ပေးခဲ့သည်။ ယင်းသို့ ပြန်လွှတ်ပေးသည့် နေ့တွင် စစ်ကောင်စီက ဒေါက်တာခလမ်ဆန်ဆွန်ကို အကြောင်းမဲ့ ပြန်လည်ဖမ်းဆီးခဲ့ပြီး ၃လအကြာ ထပ်မံ ထိန်းသိမ်းကာ ယခုဇူလိုင်နောက်ဆုံးပတ်တွင် ပြန်လွှတ်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။