Connect with us

Hi, what are you looking for?

သတင်း

စခန်းကထွက်မသွားဘဲ ဂုဏ်သိက္ခာရှိရှိသေမယ်လို့စိန်ခေါ်ခဲ့တဲ့ ချောင်းကြီးစခန်းမှူး အရင်ဆုံးထွက်ပြေး

စခန်းကနေထွက်မသွားဘဲ ဂုဏ်သိက္ခာရှိရှိသေမယ်လို့ စိန်ခေါ်ပြောဆိုခဲ့တဲ့ သပိတ်ကျင်းမြို့နယ်က ချောင်းကြီးစခန်းမှူးဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေရဲ့ စခန်းသိမ်းတိုက်ပွဲလာရောက်ဆင်နွှဲချိန်မှာတော့ အရင်ဆုံးထွက်ပြေးသွားခဲ့ပါတယ်။

ဇေအောင်/People’s Spring

စခန်းကနေထွက်မသွားဘဲ ဂုဏ်သိက္ခာရှိရှိသေမယ်လို့ စိန်ခေါ်ပြောဆိုခဲ့တဲ့ သပိတ်ကျင်းမြို့နယ်က ချောင်းကြီးစခန်းမှူးဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေရဲ့ စခန်းသိမ်းတိုက်ပွဲလာရောက်ဆင်နွှဲချိန်မှာတော့ အရင်ဆုံးထွက်ပြေးသွားခဲ့ပါတယ်။

သြဂုတ် ၁ရက်က သပိတ်ကျင်းမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းပေါ်မှာရှိတဲ့ ချောင်းကြီးရဲစခန်းကို PDFတွေက ဘူဒိုဇာသုံးပြီး တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ စခန်းမှူးက အရင်ဆုံးထွက်ပြေးသွားတဲ့အတွက် လွတ်မြောက်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စခန်းမှူးကတော့ အရင်ဆုံးထွက်ပြေးသွားတာမို့ မမိလိုက်ပါဘူး”လို့ ပြင်ဦးလွင်ခရိုင် ပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ချောင်းကြီးစခန်းကို ဇွန်လ ၂၆ရက်ကတည်းက PDF တွေ စတင်တိုက်ခိုက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက PDF ရဲဘော်တွေဟာ အဲဒီစခန်းမှူးနဲ့ ဖုန်းဆက်ပြီး ညှိနှိုင်းခဲ့ဖူးတဲ့အသံဖိုင် စစ်အုပ်စုက ဝါဒဖြန့် ဖော်ပြ်ပြဖူးပါတယ်။

စခန်းကနေအေးအေးဆေးဆေးဆင်းလာဖို့နဲ့ မိသားစုဝင်တွေကိုပါ လုံခြုံတဲ့နေရာပို့ပေးမယ်လို့ PDF ရဲဘော်က မေတ္တာရပ်ခံခေါ်ဆောင်ခဲ့ပေမယ့် စခန်းမှူးက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီလို ငြင်းဆန်ခဲ့တာကြောင့် စစ်အုပ်စုက ဝါဒဖြန့်ဖို့အတွက် ဖော်ပြခဲ့တာပါ။

“ကျွန်တော်တို့ချည့် လက်လွတ်သွားလို့(ထွက်သွားလို့)အဆင်မပြေဘူး။ ရွာရှိသေးတယ်လေ။”လို့ စခန်းမှူးက PDFရဲဘော်ကို ပြန်ပြောခဲ့တယ်။ ဆက်လက်ပြီး “အားလုံးက တစ်သက်ပဲသေကြရတာ။ နှစ်သက် သေစရာမှမရှိဘဲ။”လို့လည်း အဲဒီအချိန်က ရဲရဲဝင့်ဝင့် ပြောသွားခဲ့တာပါ။

တိုက်ချင်ရင်အချိန်မဆိုင်းဘဲတိုက်ဖို့နဲ့ ရွာပျက်ရင်တော့ PDF တွေတာဝန်လို့ ချောင်းကြီးစခန်းမှူးက ပြောခဲ့ပါသေးတယ်။

“ကျွန်တော်တို့မှာလည်း ကျွန်တော်တို့အစီအစဥ်ရှိပြီးသား”လို့ ချောင်းကြီးစခန်းမှူးက စိန်ခေါ် ပြောခဲ့ပါတယ်။

နောက်ပြီးသူက “ကျွန်တော်တို့က တစ်သက်မှာတစ်ခါပဲသေမှာ။ ဂုဏ်သိက္ခာရှိရှိသေမယ်။”လို့ ချောင်းကြီးစခန်းမှူးက ပြောပါတယ်။

ချောင်းကြီးစခန်းမှူးရဲ့ ပြတ်သားလှတဲ့စကားလုံးတွေကြောင့် ရာထူးတိုးဂုဏ်ပြုချီးမြှင့်တာတောင် ပြုလုပ်ပေးသင့်တယ်လို့ စစ်အုပ်စုထောက်ခံ တယ်လီဂရန်ချန်နယ်တွေက ဝါဒဖြန့်ခဲ့ကြပါတယ်။

ဒါပေမယ့် PDFတွေက ဘူဒိုဇာသုံးပြီး စခန်းလာတိုက်ချိန်မှာတော့ ချောင်းကြီးစခန်းမှူးက အရင်ဆုံးထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။

ချောင်းကြီးစခန်းကို စတင်တိုက်ခိုက်ချိန်ကတည်းက စစ်ကောင်စီက အကြိမ်များစွာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ဆုတ်ချည်ခွာချည် တိုက်ခိုက်ခဲ့ရာ တစ်လကျော်အကြာမှာ သိမ်းပိုက်ရရှိခဲ့တာပါ။

သပိတ်ကျင်းမြို့နယ်က အင်းနက်ရွာ စစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနဲ့ တကောင်းတောင်ပေါ် ရဲစခန်းတွေကိုလည်း PDFတွေက ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်ရရှိထားပါတယ်။

(ချောင်းကြီးရွာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်သွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Min Khant Kyaw)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ