Connect with us

Hi, what are you looking for?

သတင်း

ရမခ ကို အပြီးသတ်သိမ်းနိုင်ပြီဟု MNDAA ကြေညာ

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ယနေ့ ဩဂုတ် ၃ရက်တွင် အပြီး သတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ကြေညာသည်။

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေသော MNDAAရဲဘော်များ။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ယနေ့ ဩဂုတ် ၃ရက်တွင် အပြီး သတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ကြေညာသည်။

MNDAA မဟာမိတ် ပူးပေါင်းတပ်သည် လားရှိုးမြို့သိမ်းတိုက်ပွဲကို ဇူလိုင် ၃ရက်တွင် စတင်ခဲ့ရာ ယနေ့ ဩဂုတ် ၃ရက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်တွင် ရမခစစ်တိုင်းကို အပြည့်အ၀ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/3689822524618299

” MNTJP၏ မှန်ကန်သောဦးဆောင်မှုဖြင့် ရှေ့တန်းတပ်သားများ အားလုံး၏ သွေးထွက် သံယို တိုက်ပွဲများနှင့်အတူ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAAတပ်သည် မင်းအောင်လှိုင်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသော ရန်သူတပ်များကို ချေမှုန်းခဲ့ပြီး MNDAAတပ်သည် ၎င်းတို့၏ စစ်ဆင်ရေးတွင် ပြီးပြည့်စုံသော အောင်ပွဲ ရရှိခဲ့သည်။”ဟု MNDAAက ယနေ့ ညနေပိုင်း၌ ထုတ်ပြန်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဆိုင်းဘုတ်ရှေ့၌ MNDAA တပ်ဖွဲ့ဝင်များ အောင်ပွဲခံနေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြသည်။

MNDAAသည် ဇူလိုင် ၂၅ရက်ကတည်းက ရမခ စစ်တိုင်းကို သိမ်းပိုက်ပြီးလားရှိုးမြို့ လွတ်မြောက်ပြီဟု ကြေညာထားခြင်းဖြစ်သည်။

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေသော MNDAAရဲဘော်များ။ ဓာတ်ပုံ – MNDAA

ထို့ပြင် လားရှိုးကို MNDAA အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မည်ဟု အသိပေးပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်ရင်းများ၊ စစ်ကောင်စီတပ်စွဲရာနေရာများကို ရှင်းလင်းခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ချ အလင်းဝင်မှုများရှိခဲ့သည်။

ဇူလိုင် ၂၁ရက်တွင် လားရှိုးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး ဦးအောင်သည့် တပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦး လက်နက်ချ အလင်းဝင်ခဲ့သည်။ ဩဂုတ် ၁ရက်တွင်လည်း စစ်ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဆေးရုံဝန်ထမ်းများဆုတ်ခွာသွားပြီး ဒဏ်ရာ ရသူအများအပြားနှင့်၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူဦးရေ ၄၇၀ ကျော်ကို တပ်မတော်ဆေးရုံ၌စွန့်ပစ်ထားခဲ့ကြောင်း MNDAA ကအသိပေးသည်။ထိုသို့စွန့်ပစ်ထားခဲ့သူ လူနာများနှင့် မိသားစုဝင်များမှာ စစ်ကောင်စီ အောက်ခြေတပ်ဖွဲ့ဝင်များနှင့် မိသားစုများဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။