Connect with us

Hi, what are you looking for?

သတင်း

တစ်မြို့လုံးနီးပါး ရေကြီးခဲ့တဲ့ ဘားအံမှာ သံလွင်မြစ်ရေ ထပ်တက်လာ

ဘားအံမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်က သံလွင်မြစ်ရေကြီးတာကြောင့် တစ်မြို့လုံးနီးပါး ရေဘေးရင်ဆိုင် ထားရတာပါ။

နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ် မြို့တော်ဘားအံမြို့မှာ သံလွင် မြစ်ရေ ထပ်မံမြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနေသူ တွေနဲ့ အနိမ့်ပိုင်းမှာနေထိုင်သူတွေ သတိပြုကြဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလ က ဒီနေ့ သြဂုတ် ၃ ရက်မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။

ဘားအံမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်က သံလွင်မြစ်ရေကြီးတာကြောင့် တစ်မြို့လုံးနီးပါး ရေဘေးရင်ဆိုင် ထားရတာပါ။

Public Service Announcement

Public Service Announcement

၆ ရက်အကြာ ဇူလိုင်လ ၃၁ ရက်မှာ ရေပြန်ကျသွားပေမယ့် အခုရက်ပိုင်းမှာ မြစ်ရေပြန်တက်လာတာ ကြောင့် ကားလမ်းအချို့လည်း ရေကျော်နေပြီလို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

“ရေပြန်တက်နေပါတယ်၊ လက်ရှိအနေအထားအရ ရေက တန့်နေဦးမယ်ထင်ပါတယ်” လို့ ဘားအံမြို့ခံက ဆိုပါတယ်။

ဒီနေ့ မိုးဇလရဲ့ တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ စိုးရိမ်ရေမှတ်ရဲ့အထက် ၅ ပေခန့် ကျော်လွန်နေတယ်လို့ သိရပါတယ်။နောက်ရက်မှာလည်း မြစ်ရေ ကျဖို့မရှိဘဲ ၃လက်မခန့် ထပ်မြင့်တက်နိုင်တယ်လို့ သတိပေးထားတာပါ။

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်အတွင်း မိုးကြီးပြီး တောင်ကျရေ စီးဆင်းတာ ၊ မြစ်ရေ ၊ ချောင်းရေ မြင့်တက်လာလို့ ဘားအံ ၊ မြဝတီ ၊လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်း၊ ကျိုက်ဒုံ၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တွေ မှာ ဒေသခံပြည်သူသောင်းနဲ့ချီပြီး ရေဘေး ရင်ဆိုင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စာရင်းအရတင် မြို့နယ် ၆ ခုမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၆၀ ထိ ဖွင့်ခဲ့ရပြီး လူဦးရေ နှစ်သောင်းသုံးထောင်ကျော် ကို ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပေးခဲ့ရတယ်လို့သိရပါတယ်။

ဒါအပြင် ရေဘေးအတွင်း ရေနစ်လို့ သေဆုံးသူ ၇ ဦးထက်မနည်းရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတွေထံကသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။