Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ရှိနေပါက အာဏာသိမ်းမှုထပ်ကြုံနေရမည်ဟု TNLA ဒုဥက္ကဋ္ဌပြော

စစ်အာဏာရှင်ကင်းစင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သွေးစည်းညီညွတ်ကြရန် တိုက်တွန်း

ဟန်နွေ/People’s Spring

စစ်အာဏာရှင်များရှိနေသည့် ကာလပတ်လုံး စစ်တပ်အာဏာသိမ်းမှုကိစ္စများ ထပ်မံကြုံနေရမည်ဖြစ်၍ မြန်မာပြည်မြေပေါ်မှ စစ်အာဏာရှင် ကင်းစင်ရေးအတွက် မြန်မာပြည်သားတိုင်းမှာ ကိုယ်စီကိုယ်ငှတာဝန်ရှိကြကြောင်း တအာင်းတပ်မတော်(TNLA) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောသည်။

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီး ထူထောင်နိုင်ရေးအတွက် သွေးစည်း ညီညွတ်ကြ”ဟုလည်း ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောသည်။

ယနေ့(ဩဂုတ် ၃ရက်) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက လူမှုကွန်ရက်တွင် ယခုကဲ့သို့ ရေးသားကာ စစ်အာဏာရှင်ဖြုတ်ချရေးအားလုံး၌ တာဝန်ရှိမှုကို အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင်ခေတ်အဆက်ဆက် စစ်တပ်ကတိုင်းရင်းသားအဖွဲ့များနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူလူထုလှုပ်ရှားမှုများအား ဖိနှိပ်ခဲ့မှုအခြေအနေများကိုလည်းအသိပေးခဲ့သည်။

“7 ဇူလိုင်၊ မှိုင်းရာပြည့်၊ ဆင်မလိုက်သင်ဘောကျင်း အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ နွေဦးတောင်လှန်ရေးတို့အပြင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ ပြန်အမှတ်ရကြပါ။ စစ်အာဏာရှင်ရှိနေသေးတဲ့ကာလပတ်လုံး ထပ်မံကြုံတွေ့နေရဦးမယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတို့လို ထပ်မံကြုံတွေ့နေရဦးမယ်” ဟု ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားက ပြောသည်။

ယခင်က ရက္ခိုင်၊ ကိုးကန့်နှင့် တအာင်းလက်နက်ကိုင်တပ်များအပေါ် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုများကိုလည်းမီးမောင်းထိုး ဖော်ပြထားသည်။

” တစ်ချိန်က ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သော ခိုင်မိုးလင်းတို့အဖွဲ့ကို ချင်းပြည်နယ်တစ်နေရာမှာ စစ်အာဏာရှင်စစ်တပ်ရဲ့ အမြစ်ချေမှုန်းပစ်ခံရဖူးတယ်။ စစ်အာဏာရှင်အတွက် ဗကပ ပြိုကွဲအောင်၊ တစ်ပြည်လုံးနီးပါး အတုအယောင် ငြိမ်းချမ်းရေးယူဖြစ်အောင် စွမ်းဆောင်ပေးတဲ့ MNDAA ခေါင်းဆောင် ဖုန်ကြာရှင်နဲ့ ဖုန်ကြာဖူညီအစ်ကိုနှစ်ယောက်ကို သူတို့တည်ဆောက်ထားတဲ့ လောက်ကိုင်မြို့ကြီးမှ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ပြီး ညတွင်းချင်း တိုက်ထုတ်ခံရတယ်။ ဦးအိုက်မုန်းဦးဆောင်တဲ့ PSLO/PSLA တပ်ဖွဲ့ကို ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မန်တုံမြို့၊ မြို့မဘောလုံးကွင်းထဲမှာ စစ်အာဏာရှင်ရဲ့ အတင်းအဓမ္မ လက်နတ်ဖြုတ်သိမ်းခံရတဲ့ ဖြစ်စဥ်တွေ ပြန်ပြောင်းအမှတ်ရကြပါ”ဟု TNLA ဒုဥက္ကဋ္ဌက သတိပေးသည်။

လက်ရှိတွင် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ရက္ခိုင်(AA) တို့ ညီနောင်မဟာမိတ်အဖြစ် စုစည်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်း ရာချီသိမ်းပိုက်ကာ ရှမ်းမြောက်၊ရက္ခိုင်ရှိ မြို့များစွာကို ထိန်းချုပ်ထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် စစ်အာဏာရှင် စစ်ကောင်စီကို အထိနာစေခဲ့ပြီး လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဆက်လက်ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ တစ်ဖက်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီ စစ်ဆင်ရေးများကို တော်လှန်ရေးတပ်ဖွဲ့များက ဖော်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။