Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူငါးဦိးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ငါးဦိးသေဆုံးခဲ့သည်။

ထန်းတောကြီးကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ထိခိုက်သေဆုံးသူများအား တွေ့ရစဥ်။ဓာတ်ပုံ - ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ငါးဦိးသေဆုံးခဲ့သည်။

ယမန်နေ့(သြဂုတ် ၇ရက်) ညနေ ၃ နာရီ မိနစ် ၅၀ ခန့်က ယင်းမာပင်မြို့နယ်၊ အောင်ဇေယျတပ်ကုန်းမှ ထန်းတောကြီးကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ ကွမ်းယာဆိုင်အတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ငါးဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ ဦးလွှမ်းမိုးနိုင်၊မောင်မြင့်သန်းအောင်(ခ)ဖိုးဝ၊မောင်ဖြိုးဇေယျာ၊‌‌မောင်ရဲကိုကိုတိုးနှင့် ဖိုးသက်သက်‌‌ဝေတို့ဖြစ်ပြီး ဒဏ်ရာရသူ ၃ ဦးမှာ ဆိုင်ပိုင်ရှင်မိသားစုဝင်များဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညနေပိုင်းကလည်း အောင်ဇေယျတပ် ကုန်းမှ စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကွေ့ချောင်းကျေးရွာနှင့် နဘူးတောကျေးရွာမှ ပြည်သူအများအပြားအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

အောင်ဇေယျကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရွာများအား မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook