Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုတွေကို ဖိလစ်ပိုင် ကုန်သွယ်ရေး သမဂ္ဂတွေ စုပေါင်းထောက်ခံ

ဖိလစ်ပိုင် ကုန်သွယ်ရေး သမဂ္ဂ ခေါင်းဆောင်တွေ စုပေါင်းပြီး မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုတွေကို ထောက်ခံ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။

ဖိလစ်ပိုင် ကုန်သွယ်ရေး သမဂ္ဂ ခေါင်းဆောင်တွေ စုပေါင်းပြီး မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုတွေကို ထောက်ခံ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။

ကမ္ဘာ့သမဂ္ဂများ-ဖိလစ်ပိုင်နဲ့ IndustriALLတို့မှာ ဆက်စပ် ပါဝင်တဲ့ ကုန်သွယ်ရေး သမဂ္ဂ အသီးသီးရဲ့ ခေါင်းဆောင်တွေဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက မနီလာမှာ စုဝေးခဲ့ကြပြီး အာဏာသိမ်းမှု နောက်ပိုင်းကာလ မြန်မာနိုင်ငံရဲ့ သမဂ္ဂတွေ ဒီမိုကရေစီအတွက် ရုန်းကန် လှုပ်ရှားနေကြတာကို အားပေး ထောက်ခံကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စုဝေးမှုကို ဖိလစ်ပိုင် တက္ကသိုလ် လက်အောက်ခံ အလုပ်သမားနဲ့ စက်မှုကုန်ထုတ် ဆက်ဆံရေးကျောင်းက စည်းရုံး အကောင်အထည် ဖော်ခဲ့ကြပါတယ်။ အခမ်းအနား တက်ရောက်လာသူတွေဟာ ‘Free Burma now!’၊ ‘Release political prisoners’၊ ‘ASEAN must act now’စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ပြသခဲ့ကြတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် သမဂ္ဂတွေက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာ့အရေး ကူညီ ဖြေရှင်းမှုတွေကို အရှိန်အဟုန် မြှင့်တင်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အဲဒီ စုဝေးမှုကို မြန်မာနိုင်ငံရဲ့ Industrial Workers’ Federation of Myanmar (IWFM)နဲ့ Building and Wood Workers’ Federation of Myanmar (BWFM)တို့လို သမဂ္ဂတွေရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန် ကတည်းက IndustriALLနဲ့ ဆက်စပ် သမဂ္ဂတွေဟာ မြန်မာ့ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုတွေကို ထောက်ခံ ရပ်တည်ဖို့ ဆုံးဖြတ် ကြေညာခဲ့ပါတယ်။ သမဂ္ဂ အသီးသီးဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် စနစ်အောက် ခက်ခက်ခဲခဲ ရုန်းကန် ဖြတ်သန်းနေရတဲ့ အလုပ်သမားထုနဲ့ တစ်သားတည်း ရပ်တည်မယ်လို့လည်း ဆုံးဖြတ်ခဲ့ကြောင်း အခုစုဝေးပွဲကို အဓိက ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ အလုပ်သမားများ ပေါင်းစည်း သမဂ္ဂ (ALU)ရဲ့ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဂါရတ်အာရ် ဆန်နိုက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေဟာ ပိုမို ဆိုးရွားလာနေခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှု နောက်ပိုင်း ကာလတွေအတွင်း စစ်တပ် လက်ချက်ကြောင့် မြန်မာနိုင်ငံသား ၅၄၈၀ ထက်မနည်း သေဆုံးပြီး ၁၆၇ ဦး သေဒဏ် ချမှတ်ခံရသလို ၂၀၇၁၅ ဦးက ဖမ်းဆီးချုပ်နှောင် ခံထားရဆဲလို့ သိရပါတယ်။

ကိုးကား: IndustriALL

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ကမ်းခြေစောင့်လှေနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား အပြန်အလှန် စွပ်စွဲ ရှုတ်ချထားကြပါတယ်။

နိုင်ငံတကာ

တရုတ် CSGဟာ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ် ပိုင်းခြားထားတဲ့ ဘာရှီ ရေလက်ကြားကို ဖြတ်သန်းခဲ့တာတော့ မတွေ့ရဘူးလို့လည်း ကူက ဆက်ပြောပါတယ်။ အဲဒီရေလမ်းကြောင်းဟာ တရုတ်ရဲ့ စစ်လေယာဉ်တွေ၊ စစ်ရေယာဉ်တွေ မကြာခဏ ဖြတ်သန်းလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ တုတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေ ကိုင်ဆောင်လာပြီး ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေက လက်ချည်းသက်သက်နဲ့ သူတို့ကို ခုခံ တားဆီးဖို့ ကြိုးစားခဲ့ကြောင်း ဘရော်နာက ပြောပါတယ်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။

Facebook