Connect with us

Hi, what are you looking for?

သတင်း

ဇရပ်ကြီးမြို့အနီး တိုက်ပွဲဖြစ်

ဒေသခံပြည်သူများ ​ဘေးလွတ်မည်ထင်ရာသို့ စစ်​ဘေးတိမ်း​ရှောင်

၂၀၂၄ ​ဖေ​ဖော်ဝါရီလအတွင်း ဇရပ်ကြီးမြို့တိုက်ပွဲတွင် ဇရပ်ကြီး မြို့​ပေါ်တွင် ​တွေ့ရ​သော BPLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-BPLA

မိထက်/People’s Spring

ပဲခူးတိုင်းအရှေ့ပိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အနီးတွင် ယနေ့(ဩဂုတ်လ ၉ရက်)ညနေ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများသည် ထန်းတပင်မြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြကြောင်းသတင်းရရှိသည်။

ဇရပ်ကြီးမြို့၊ ကင်းမွန်းခြုံ၊ ဒိုးတန်း၊ ဒါးဒေါက်နှင့်ပုဂံကွဲကျေးရွာများ၌ စစ်ကောင်စီနှင့်တော်လှန်ရေးပူး‌ပေါင်း တပ်ဖွဲ့များ ညနေ ၅နာရီခန့်မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဟု မြို့ခံများကပြောသည်။

” စစ်ဆင်ရေးဖော်ဆောင်မှာမို့လို့ အစောပိုင်းကရှောင်ခိုင်းထားသေးတယ်။ တစ်ချို့လည်းရှောင်ကြတယ်။ ဒီနေ့ညနေစပြီးတိုက်ပွဲဖြစ်ပါတယ်။ မြေပြင်မှာအရမ်းအခြေအနေမဆိုးသေးပေမယ့် တိုက်ပွဲပိုပြင်းလာနိုင်တဲ့အခြေအနေတွေရှိလို့ ရွာကနေထွက်လာသူတွေရှိတယ်” ဟု ထန်းတပင်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဇရပ်ကြီးမြို့တွင် ခြေလျင်တပ်ရင်း (ခလရ-၂၇)နှင့် စစ်ကောင်စီတပ်စွဲထားသည့် စခန်းများရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ဇရပ်ကြီးမြို့ရှိစစ်တပ်စခန်းများကိုတိုက်ခိုက်ခဲ့သည်။ ထိုစဉ်ကတိုက်ပွဲအလွန်ပြင်းထန်ခဲ့သဖြင့် ရွာပေါင်း ၃၀ ကျော်မှ ထောင်နှင့်ချီသော ဒေသခံ‌များ ဘေးလွတ်ရာသို့ တစ်လခန့်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးသုံးဦးအပါအဝင် ​ဒေသခံပြည်သူ ၉ ဦး သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုတကြမ်လည်း တိုက်ပွဲများပြင်းထန်မည်ဟု သတင်းများထွက်ပေါ်နေသည်။

” အများစုက ညဘက်ဖြစ်ရင်ပြေးဖို့မလွယ်လို့ကြိုရှောင်ကြတာလို့သိရပါတယ်။အကူညီလိုရင်ကယ်ထုတ်ဖို့ လည်းပြင်ဆင်နေပါတယ်” ဟု လူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးက အသိပေးထားသည်။

ပဲခူးတိုင်းအရှေ့ပိုင်းမှ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာတွင်လည်း ဩဂုတ် ၆ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ရွာ၌ တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား KNLA ဦး​ဆောင်​သော ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ခမရ(၃၄၉)ဒုရင်းမှူး(ယာယီတပ်ရင်းမှူး)နှင့် တပ်ခွဲမှူးတို့သေဆုံးခဲ့ပြီး တပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNUအနေဖြင့် တပ်မဟာ(၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၅) ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းဒေသ၌တိုက်ပွဲဖော်ဆောင်မည်ဟု သတင်းရကြောင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ဩဂုတ် ပ ရက်တွင်ပြောကြားခဲလသည်။ တပ်မဟာ သုံးခုသာ ကွက်ပြီး စစ်ရေးဖော်ဆောင်မည် မဟုတ်ဘဲ KNU၌ ရှိနေသည့် တပ်မဟာ ခုနစ်ခုစလုံးက စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ဖျက်သွားမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတုံ့ပြန်​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။