Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့၏တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်း၅ဦးအား တွေ့ရစဥ်။ ဓါတ်ပုံ-File Photo

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့၏တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ယမန်နေ့(သြဂုတ်၁၀ရက်) နေ့လယ် ၁ နာရီခန့်က ပခုက္ကူ မှ ရေစကြိုမြို့သို့ ထွတ်ခွာလာသော စစ်ကောင်စီ၏ ၃ စီးပါ ယာဥ်တန်းကို တိုက်ခိုက်ရာ စစ်အုပ်စုဝင် အများအပြားသေဆုံးကာ ရဲ၂ဦးနှင့် ပြည်သူ့စစ်(ပျူ)၃ ဦး အရှင်ဖမ်းဆီးရမိကြောင်း Southern YSO PDF အဖွဲ့၏တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

“လာတဲ့ကားတွေမှန်သမျှအကုန်တိုက်တာ။ ဒုတိယတစ်စီးနဲ့ တတိယတစ်စီးကတော့ အပြန်အလှန်ထိပ်တိုက်တွေ့တဲ့အနေအထားမျိုးမှာရှိတယ်။ တတိယအစီးကို ဝင်ရောက်စီးနင်းနိုင်တယ်။ ကားက ကျွန်တော်တို့စပစ်ကတည်းက ဇက်ကျိုးတယ်။ တာယာတွေပွင့်တယ်။ ကားကစုတ်ပျက်သက်လို့ပဲ။”ဟု ကိုအောင်မောင်းက ပြောသည်။

ထို့အပြင် ထိုစစ်အုပ်စုထံမှ G3 သေနတ် ၄ လက်၊ G3 ကျည် ၃၀၀နှင့် ကာဘိုင်ကျည် ၅၀၀ သိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF အဖွဲ့က အသိပေးသည်။

ထိုစစ်ဆင်ရေးကို “နတ်မိချောင်း စစ်ဆင်ရေး” စစ်ကြောင်းက ဦးစီးကာ Southern YSO PDF၊BNRA၊မြိုင် ပကဖ၊ ပြည်သူ့အားမာန်၊ MVP၊ အလင်းတန်းပြောက်ကျားတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယမန်နေ့ ည ၈ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း ရေစကြိုပကဖအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

လူနေအိမ်အချို့ပျက်စီးဟု နောင်ချိုဒေသခံပြော