Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့ကို PDFများသိမ်းပိုက်

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

သပိတ်ကျင်းမြို့နယ်ရှိတွင်းငယ်ရဲစခန်းကို PDFများတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ် (ဓါတ်ပုံ- TBK)

ယောနသံ/People’s Spring

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

တကောင်းမြို့မှစစ်ကောင်စီစခန်းများကိုဩဂုတ်လ ၁၁ရက် နံနက် ၅နာရီခန့်မှ စ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယနေ့(ဩဂုတ်လ ၁၂ရက်) ညနေ၌ အပြီးသတ်သိမ်းပိုက်ရရှိခြင်းဟုကနဦး သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” တကောင်းရပြီ” ဟု မြေပြင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက အတည်ပြုပြောကြားသည်။ မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူ သတင်းမရရှိ​သေး​ပေ။

တကောင်းမြို့မရဲစခန်း၊ တ််ိုက်ဆေးရုံတို့မှ စစ်ကောင်စီတပ်စခန်းများကိုသြဂုတ် ၁၁ ရက်ညနေပိုင်းတွင် သိမ်းဆည်းရရှိခဲ့သည်။

ထို့​နောက်လေးမျက်နှာဘုရားဝင်းတွင်တပ်စွဲထား​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDFများကဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်မြို့ကြား၌တည်ရှိသည်။ ထီးချိုင့်မြို့မှ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် နီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသလို မြို့ပတ်ချာလည်ကိုလည်း ထိန်းချုပ်ထားသည်။

သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီစခန်းများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။

ထီးချိုင့်၊ တ‌ကောင်း၊သပိတ်ကျင်းမြို့နယ်များသည်စစ်အာဏာရှင်အောက်မှ ဆက်တိုက်ဆိုသလိုလွတ်မြောက်တော့မည်ဟုဒေသခံတဦးကပြောသည်။

တ​ကောင်းမြို့သည်ဧရာဝတီမြစ်ကမ်း​ဘေးမြို့ဖြစ်ပြီး​ ​မြောက်ဘက်တွင် ထီးချိုင့် ၊တောင်ဘက်တွင် သပိတ်ကျင်း ၊အ​နောက်​မြောက်ဘက်တွင် ​ကောလင်းမြို့ ၊အ​နောက်​​တောင်ဘက်တွင် ကျွန်းလှမြို့ ၊အရှေ့ဘက်တွင် မဘိမ်းမြို့တို့တည်ရှိသည်။ ၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၈၁၀၀ ​​ကျော် ၊ ​ကျေားလက်တွင် လူဦး​ရေ ၂၇,၇၀၀​ကျော်​နေထိုင်သည်။

တကောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်ကလည်းအင်းနက်ကျေရွာရှိ စစ်‌ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့သည်။

အင်းနက်ကျေးရွာသည် ထီးချိူင့်မြို့နှင့် ပိုနီးပြီး တရုတ်စီမံကိန်းတခုဖြစ်သည့် တကောင်းနီကယ်စက်ရုံအနီး၌ တည်ရှိသည်။

ထီးချိူင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကိုလည်း KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ထို့အပြင် သပိတ်ကျင်းမြို့ရှိစစ်ကောင်စီစခန်းများအပြားကိုလည်း မန္တ​လေး-PDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်စင်တိုက်ခိုက်နေပြီး စခန်းအများအပြား သိမ်းယူထားသည်။

​​တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထား​သောမြို့​ပေါင်း ၈၀ ခန့်ရှိလာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook