Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား တီယန်ဇွပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီစခန်းနှင့် ရှေ့တန်းစခန်းငယ်များကို တိုက်ခိုက်သိမ်းယူခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးပြီ သုံ့ပန်းတစ်ဦးဖမ်းမိထားသည်ဟု သတင်းရရှိသည်။

ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီစခန်းနှင့် ရှေ့တန်းစခန်းငယ်များကို တိုက်ခိုက်သိမ်းယူခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးပြီ သုံ့ပန်းတစ်ဦးဖမ်းမိထားသည်ဟု သတင်းရရှိသည်။

တိုက်ပွဲသည် ဩဂုတ် ၂ရက်က ဖြစ်ခဲ့ပြီး ဆက်သွယ်ရေးလိုင်းအခက်ခဲကြောင့် ယခုမှသာ အတည်ပြုနိုင်ခြင်းဖြစ်သည်။

“တီယန်ဇွပ်က ဝိုင်းမော် ခလရ(၅၈) ရှေ့တန်းစခန်း။ တပ်ရင်းမှူးထိုင်တာ။တိုက်ပွဲထဲ စက်လှေနဲ့ထွက်ပြေးလို့ ပစ်ခတ်ရတာ။ သူသေတယ်။ နောက်ထပ် ရှစ်ယောက်သေတယ်။ တစ်ယောက်ဖမ်းမိထားတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသည့်တပ်ရင်းမှူးအမည်ကို အသေးစိတ်အတည်မပြုနိုင်သေးပေ။ အရှင်ဖမ်းမိထားသူသည် ဒုတပ်ကြပ်ကျော်စိုးအောင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကစဉ်ကလျားဖြစ်နေသည်ဟု သိရသည်။

“ဘာမှ မေးလို့မရတော့ဘူး။ ကြောက်လန့်ပြီး လွတ်နေတာ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ်တွင် ဇူလိုင် ၂၁ရက်ကစ၍ ဆက်သွယ်ရေးလိုင်းအားလုံး ပြတ်တောက်ခဲ့ပြီး မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့အနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဝိုင်းမော်မြို့၊ ခတ်ချိုရွာအနီးတွင် ဩဂုတ် ၃ရက်က ဖြစ်ခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ၂ဝဦးထက်မနည်းသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်များသည် ဩဂုတ် ၁ရက်မှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ပြန်လည်စတင်ခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့အနီးမှ စစ်ကောင်စီစခန်းအချို့ကိုတိုက်ခိုက်ခဲ့သည်။

ဩဂုတ် ၂ရက်တွင် တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီစခန်းနှင့် ရှေ့တန်းစခန်းငယ်များကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဝိုင်းမော်မြို့တွင်လည်း တပ်ရင်းအနေဖြင့် ခလရ(၅၈)သာ ကျန်ရှိတော့ပြီး ယခုအခါ ဗျူဟာမှူးဦးဆောင်ကာ ခံစစ်ပြင်ဆင်ထားကြောင်း၊တပ်ရင်းပတ်ဝန်းကျင်တွင် ကာကင်းအများအပြားချထားကာ မိုင်းများလည်းထောင်ထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခလရ(၅၈)နှင့် မုတ်လွဲရာလမ်းဆုံမှနေ၍ လက်နက်ကြီးများ ညစဉ် ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။