Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းမြို့နယ်ရှိ ပျူစောထီးစခန်းအား PDFများ တိုက်ခိုက်၊ လက်နက်ခဲယမ်းများရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသောစခန်းအား PDF များတိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CGF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသောစခန်းအား PDF များတိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(သြဂုတ်၁၂ရက်) နေ့လယ် ၂နာရီခွဲခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ ပွဲခင်းရွာမ ပျူစောထီးရွာစခန်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး စုစုပေါင်း ၆ ဦးသေဆုံးကြောင်း Chauk Guerrilla Force အဖွဲ့၏တာဝန်ခံ ကိုပိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က တပ်စွဲထားတာတော့ ကြာပါပြီ။ ကျန်တဲ့ပျူတွေကတော့ ထွက်ပြေးသွားကြတယ်။”ဟု ၎င်းက ပြောသည်။

ထို့အပြင် စခန်းမှ ကာဘိုင်သေနတ် ၂လက်၊ တစ်တောင့်ထိုးရှော့ဂန်း တစ်လက်၊ ကာဘိုင်ကျည် ၉၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၃ ခုနှင့်လက်ပစ်ဗုံး ၃လုံး သိမ်းဆည်းရမိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

တိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်‌ရေး ရဲဘော် နှစ်ဦး မစိုးရိမ်ရဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Bagan Bo Cho PDF အဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား Bagan Bo Cho PDF ၊ မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ မကွေးတိုင်းပကဖ ၊ အာဠာဝက မြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ Oak Awe UG မြို့ပြပျောက်ကျားတပ်ဖွဲ့ ၊ Chauk Revolution Army ၊ ချောက်ပကဖ ၊ ပခုက္ကူမြို့နယ်ပကဖ ၊ Kyaukpadaung Special Defense Force ၊ Chauk Guerrilla Force ၊Y.R.F ပေါက် ပကဖ ၊ တောဇီးကွက်မြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ People Defence Force သခင်ဖိုးလှကြီးတပ်ခွဲ Chauk ၊ မြိုင်ပကဖ၊Burma Ranger Revolution ၊ YRF တပ်ရင်း (၁၂) ၊ မင်းသားကြီး တပ်ဖွဲ့ ၊ Yenathar Youth Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့များသည် သြဂုတ် ၁၀ရက်ကလည်း မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ရွာရှိ ပျူစောထီးစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂လက်အပါအဝင် ခဲယမ်းများနှင့် ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။