Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်စည်းလုံးညီညွတ်မှုမှာ အမြင့်ဆုံးရောက်နေဟု KA စစ်ဦးစီးချုပ်ပြော

နိုင်ငံရေး၊စီးပွားရေးနှင့် ကိုယ်ကျိုးရှာအချောင်သမားများအား အထူးသတိထားရန် သတိပေး

ရဲခေါင်/People’s Spring

ကရင်နီအမျိုးသားစည်းလုံးညီညွတ်မှုသည် ယခုအချိန်တွင် အမြင့်ဆုံးရောက်နေပြီး နိုင်ငံရေး၊စီးပွားရေးနှင့် ကိုယ်ကျိုးရှာအချောင်သမားများအား အထူးသတိထားရန် ကရင်နီပြည် တပ်မတော်(KA)စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။

ယနေ့(သြဂုတ် ၁၇ရက်) ကျရောက်သည့် (၇၆) နှစ်မြောက် ကရင်နီတပ်မတော်နေ့ မိန့်ခွန်းတွင် KA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသည်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဒီမိုကရေစီအရေး၊တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုပါက နှစ် ၇၀ကျော်လာပြီး ယနေ့တိုင်မရရှိခဲ့ပါ။ယခုအချိန်တွင် ကရင်နီအမျိုးသားစည်းလုံးညီညွတ်မှုသည် ထိပ်ဆုံးရောက်နေပြီဖြစ်၍ ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွင့် ရရှိအောင်လုပ်ဆောင်ပြီး အခြားတိုင်းရင်းသားများနှင့်အတူ တိုက်ပွဲဝင်သွားရမည်”ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ဆိုသည်။

Public Service Announcement

Public Service Announcement

လူထုတော်လှန်ရေးဆင်နွှဲနေချိန်တွင် လူထုနှင့်တစ်တန်းတည်းရှိရမည်ဖြစ်ပြီး လူထုဆန့်ကျင်ရေးမလုပ်ရန်၊ လူထုကိုယုံကြည်ရန်နှင့် ကိုယ်ကိုကိုယ်ယုံကြည်ရန်လည်း ၎င်းက တိုက်တွန်းသည်။

သို့သော် လူထုဟု ဆိုရာတွင် အချောင်သမားများ၊နိုင်ငံရေးအချောင်သမားများ၊ကိုယ်ကျိုးရှာစီးပွား ရေးအချောင်သမားများ မပါဝင်ဘဲ ၎င်းတို့ကို အထူးသတိထားရန်နှင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအနေဖြင့် ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးရန် သတိပေးသည်။

ယနေ့လူငယ်များ လက်နက်ကိုင်၍ တော်လှန်စစ် ဆင်နွှဲနေမှုကို ဂုဏ်ယူပြီး လူငယ်ပီပီခံစားချက် များရှိသည်ကို နားလည်ကြောင်း KA စစ်ဦးစီးချုပ်က အသိပေးသည်။

“လူငယ်တွေဟာ နောင်တစ်ချိန်တိုင်းပြည်ရဲ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူရမယ့်သူတွေဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ်ဖို့လိုတယ်။ခံစားချက်နဲ့ မလုပ်ကြပါနဲ့။ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုကို အလေးအနက်ထားပြီး လုပ်ဆောင်ကြပါ။ယခုအချိန်ကစပြီး အလေ့အကျင့်များလုပ်ဆောင်သွားရန်လိုတယ်။ခင်ဗျားတို့ တာဝန်ယူမှု တာဝန်ခံမှုမရှိရင် တိုင်းပြည်ရဲ့ အနာဂတ်ဘယ်နားသွားထားမလဲ”ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။

စစ်မြေပြင်တွင် စစ်သားများလိုက်နာရမည့် ကျင့်ဝတ်များ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအား အထူးကာကွယ်ရန်နှင့် ကျဆုံးသွားသော သွေး သောက်ရဲဘော်များ အသက်ပေးသွားသည့် ပြည်သူများ မြို့ပျက်ရွာပျက်၊ဘဝပျက်သွားသော လူထုမျက်နှာများကို နှလုံးသွင်းရန် ၎င်းက ဆိုသည်။

ကရင်နီပြည်တပ်မတော်ကို ၁၉၄၈ သြဂုတ် ၁၇ ရက်တွင် ရဲဘော်ခုနစ်ဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး နယ်လေးနယ်ကို တပ်ရင်းလေးခုဖြင့် ဖွဲ့စည်းခဲ့သည်။

ဘောလခဲနယ် ဗိုလ်လထန်၊မိုးဗြဲနယ် ဗိုလ်ပေါလူ၊ကြယ်ဖိုးကြီးနယ် ဦးရယ်နှင့် ကန္တရဝတီနယ် စပ်ဝဏတို့ ဦးဆောင်ပြီး ကရင်နီပြည်အားကျူးကျော် လာသော ဖဆပလများအား ခုခံတော်လှန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။