Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် ဩဂုတ်လဝက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၂၀သေဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် ယခု ဩဂုတ်အတွင်း တိုက်ပွဲ အကြိမ် ၆၀နီးပါးဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် ယခု ဩဂုတ်အတွင်း တိုက်ပွဲ အကြိမ် ၆၀နီးပါးဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁ရက်မှ ၁၅ရက်အတွင်း တိုက်ပွဲသတင်းနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို အသိပေးဖော်ပြလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခုလဝက်အတွင်း ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်(KNLA) အမှတ်(၅) တပ်မဟာနှင့် စစ်ကောင်စီအကြား တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ၂၀ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီက လေကြောင်း၊ လက်က်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ရိက္ခာများဖြည့်တင်းခြင်း ပြုလုပ်ခဲ့ဟု အသိပေးသည်။

ထို့ပြင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်အချို့လည်း ထိခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်တွင် KNLAပူးပေါင်းတပ်သည် ယခုနှစ်ဆန်းပိုင်းကတည်းက ဖာပွန်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ စစ်ကောင်စီတပ်ရင်းအချို့ သိမ်းပိုက်ရရှိထားပြီး ဗျူဟာကုန်းအပါအဝင် လက်ကျန်စခန်းများကို ပိတ်ဆို့ဖြတ်တောက်ကာ ဆက်လက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။