Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အမျိုးသမီး ၂ ဦီးကို သေနတ်ပြခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ်လုယက်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦးကို သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ် လုယက်မှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦးကို သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ် လုယက်မှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ရဲမွန်တောင်ရပ်ကွက် ၊ ၅၁လမ်း၊ ၃၆လမ်းနဲ့ ၃၅လမ်းမှာ သြဂုတ်လ ၁၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1293978944906807

ဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ CCTV မှတ်တမ်းအရ အမျိုးသမီးတွေ စီးလာတဲ့ ဆိုင်ကယ်နောက်ကနေ ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦီး ကပ်လိုက်လာပြီး သေနတ်နဲ့ချိန်ကာ ဆိုင်ကယ်ရပ်ခိုင်းတာတွေ့ရပါတယ်။

အဲဒီနောက် အမျိုးသမီးတွေထံက ဖုန်းနဲ့ ဆိုင်ကယ်ကိုပါ ယူဆောင်သွားတာတွေ့ရပါသေးတယ်။ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတွေရဲ့ ပြေပြချက်အရ အမျိုးသမီး ၂ ဦးကို စစ်ဆေးစရာရှိလို့ ဆိုပြီး ဆိုင်ကယ်ရပ်ခိုင်းကာ လုယက်ခဲ့တာလို့သိရပါတယ်။

အခုလို ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟာ လူသွားလူလာမပြတ်တဲ့ ၃၅ မိန်းလမ်းကြီးဘေးမှာ ဖြစ်ခဲ့တာပါ။

မန္တလေးမြို့မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြပြီး တားဆီးစစ်ဆေးကာ PDFနဲ့အဆက်သွယ်ရှိတယ်ဆိုပြီး ငွေညှစ်တာတွေပြုလုပ်နေတာရှိတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူလူငယ်အမျိုးသားကလည်းပြောပြပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook