Connect with us

Hi, what are you looking for?

သတင်း

ဖူးခက်က ပစ်ခတ်မှုမှာ မြန်မာ မိန်းကလေးငယ် သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ မိန်းကလေးငယ် တစ်ဦးကို ပစ်သတ်သွားခဲ့တဲ့ သေနတ်သမားကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။

အခင်းဖြစ်ပွားရာ​နေရာကို ထိုင်းရဲများစစ်​ဆေးစဥ်။ဓါတ်ပုံ-Thaiger

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ မိန်းကလေးငယ် တစ်ဦးကို ပစ်သတ်သွားခဲ့တဲ့ သေနတ်သမားကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။

ဩဂုတ် ၁၈ ရက်နေ့က အသက် ၂၇ နှစ်အရွယ် ကစ်တီပေါင် ဂျန်တာဝေါင်ဆိုတဲ့ အမျိုးသား မောင်းနှင်လာတဲ့ Toyota ပစ်ကပ်ကားရဲ့ ရှေ့ခန်းမှာ အသက် ၂၁ နှစ်အရွယ် နက်တာဝတ် ဟမ်ရာနဲ့ သူ့ရဲ့ ပေါင်ပေါ်မှာ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေး နန်းဖောင်းတို့ အတူ စီးနင်း လိုက်ပါလာခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

နန်း​ဖောင်းရဲ့ ဖခင်ဖြစ်သူဟာထိုင်းဖြစ်ပြီး မိခင်ဖြစ်သူကမြန်မာဖြစ်ပါတယ်။ထိုင်းကို ငယ်စဥ်ကတည်းက​ရောက်ခဲ့ပြီး ​ကျောင်းကိုအထက်တန်းမတက်ပဲ အလုပ်လုပ်​နေတာလို့ Khaosod English သတင်း​ဖော်ပြပါတယ် ။

Public Service Announcement

Public Service Announcement

အဲဒီနောက် လမ်းဆုံတစ်နေရာနားမှာ လူငယ်နှစ်ဦး စီးနင်းလိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်က ကားနားကို ချဉ်းကပ်လာပြီး ပြောင်းတိုသေနတ်နဲ့ အနီးကပ် တေ့ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကားရဲ့ ဘယ်ဖက်ခြမ်း မှန်ပြတင်းက ဖွင့်ထားရာကနေ ကျည်ဆန်ဟာ နန်းဖောင်ရဲ့ ခေါင်းကို တိုက်ရိုက် ထိမှန်ခဲ့ပါတယ်။ မိန်းကလေးကို ဆေးရုံ အမြန်တင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းဌာန KahoSodက ဖော်ပြခဲ့ပါတယ်။

လတ်တလောမှာတော့ ရဲတွေဟာ အသက် ၁၇ နှစ်အရွယ် ဘစ်နဲ့ အသက် ၁၉ နှစ်အရွယ် ဆန်ဆိုတဲ့ မော်တော်ဆိုင်ကယ်စီး လူငယ်နှစ်ယောက်ကို အပူတပြင်း ရှာဖွေနေပါတယ်။

ပစ်ခတ်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မျက်မြင် တစ်ဦးကတော့ ဆိုင်ကယ်ပေါ် ပါလာသူ တစ်ယောက်က မီးပွိုင့်မိနေတဲ့ ကားကို သေနတ်နဲ့ ပစ်ပြီးတဲ့နောက် ဆိုင်ကယ်ဟာ ပါတွန်ဖက်ကို အပြင်းမောင်းထွက်သွားတယ်လို့ ပြောပါတယ်။

လောလောဆယ်တော့ ရဲတွေဟာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးပြီး တရားခံတွေကို ခြေရာခံ ဖမ်းဆီးဖို့ လုပ်ဆောင်နေသလို ကားပေါ်မှာ ပါလာသူတွေဆီက ထွက်ချက်တွေကိုလည်း ရယူပြီး လူသတ်မှုနဲ့ အမှုဖွင့် စုံစမ်းနေကြောင်း သိရပါတယ်။

ကိုးကား- Thaiger

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်ထဲက စာသင်ကျောင်း တစ်ခုမှာ လူ ၄ ဦးကို ပစ်သတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဖူးခက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် မြန်မာတွေ အပါအဝင် သေဆုံးသူ ဦးရေဟာ ၁၃ ဦးထိ ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ပြည်တွင်းခရီးစဉ် ပျံသန်းတဲ့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တဲ့နောက် လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့တွင် ယမန်​နေ့ (ဩဂုတ် ၂၂ ရက်)က ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း လူမှူကူညီရေး အသင်းများထံမှသိရသည်။

Facebook