Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်ကောင်စီထိုးစစ်ကြောင့် ထန်တလန်တွင် တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးဖြင့် ခုခံ

ထန်တလန်မြို့နယ်ရှိ တိုက်ပွဲတစ်ခုအတွင်း တွေ့ရသော ချင်းပြည်ကောင်စီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး။ ဓာတ်ပုံ - The Chin Journal

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ကျန်နေသည့် စစ်ကောင်စီတပ်များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ယနေ့နံနက်တွင် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များ ပါဝင်သည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုက ဇူလိုင် ၂၂ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ထန်တလန် စစ်ကောင်စီတပ်စခန်းအပါအဝင် စခန်း ၈ခုထက်မနည်း သိမ်းပိုက်ထားပြီး ထန်တန်လန်မြို့တွင်း ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

” ဒီမနက်မှာ ထန်တလန်မှာ တိုက်ပွဲပြန်စတာပေါ့။ မနက် ၃နာရီခွဲလောက်မှာ စတာ တိုက်ပွဲပြင်းထန်တယ်။ စကစကလည်း လေယာဉ်နဲ့သုံးကြိမ်လောက် ဗုံးကြဲတာပေါ့။ ဟားခါး စကစ ဗျူဟာကုန်းကနေ (၁၂၂) မမ လက်နက်ကြီးနဲ့ ၁၀ကြိမ်လောက်ပစ်ကူတာပေါ့။အခုထိလည်း တိုက်ပွဲရှိနေတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထန်တလန်မြို့တွင်း၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာကို သိမ်းပိုက်နိုင်ခြင်း ရှိ၊မရှိ အတိအကျ မသိနိုင်သေးဟုလည်း ၎င်းက ဆိုသည်။

ထန်တလန် တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ အဓိက စစ်ကောင်စီစခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်၍ စစ်ကောင်စီအနေဖြင့် ထန်တလန်မြို့ကို မြေပြင်မှ စစ်ကူပေးနိုင်ခြင်းမရှိဘဲ ဟားခါးမှ လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူသာ ပေးနိုင်သည့် အခြေအနေဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။