Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က ဘုန်းကြီးကျောင်းလေကြောင်းတိုက်ခိုက်၊ ပြည်သူသုံးဦးသေဆုံးပြီးဘုန်းကြီးတစ်ပါးအပါအဝင်သုံးဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံကျေးရွာဘုန်းကြီးကျောင်းကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကွမ်းအုံရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာ ပကဖ၊ နွားထိုးကြီးသတင်းစုံ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံကျေးရွာဘုန်းကြီးကျောင်းကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၀ ရက်) နေ့လယ် ၁ နာရီခွဲခန့်က ကွမ်းအုံရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိဘဲ ပစ်တာပါ။ ပထမတစ်ယောက်ဆုံးတယ်။ ဒဏ်ရာပြင်းထန်တဲ့အထဲက နောက်နှစ်ယောက်ဆုံးတယ်။ပေါင်း ပြည်သူသုံးယောက် သေဆုံးသွားပါပြီ။”ဟု တောင်သာပကဖတာဝန်ရှိသူက ပြောသည်။

လေကြောင်းမှ ဗုံးသီးနှစ်ကြိမ်ကြဲချပြီး စက်လက်နက်ဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် (၇၀)ဝန်းကျင်အရွယ် ဦးအောင်ငွေနှင့် ဦးညိုတို့အပါအဝင် သုံးဦးကျည်ထိမှန်သေဆုံးပြီး သက်တော် (၇၀)ခန့် ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“သေဆုံးတဲ့ ဦးအောင်ငွေက စက်လက်မှန်ပြီး ဦးခေါင်းတစ်ခြမ်းပျက်စီးသွားတယ်။ ဇနီးဖြစ်သူက ဗုံးသီးအစမှန်ပြီး နံရိုးတွေပါ ပေါ်ကုန်တယ်။”ဟု နွားထိုးကြီးသတင်းစုံတာဝန်ခံက ပြောသည်။

ထို့အပြင် ဘုန်းကြီးကျောင်းအတွင်း သိမ်နှင့်တန်ဆောင်း ပြိုကျပျက်စီးပြီး နေအိမ်အချို့ပါ ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု နေရာခြောက်ခုထက် မနည်းပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်မှုအချို့ ရှိခဲ့သည်။

နွားထိုးကြီးမြို့သည် သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးဖြင့် မြို့ပေါ်၌တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများထွက်ပြေးသွားပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။