Connect with us

Hi, what are you looking for?

သတင်း

ဖြူးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA၊ PDF ပူးပေါင်းတပ် တိုက်ခိုက်

စစ်တပ်က ပြည်သူ ၂၅ဦးကို ဓားစာခံဖမ်းဆီးသွား

ဖြူးမြို့နယ် ပကဖမှ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ကျေးရွာများစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးထက်မနည်းသေဆုံးကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၂၀)နံနက် ၁၀နာရီခန့်က ဖြူးမြို့တောင်ဘက် သင်္ကန်းမြှောင်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို လိပ်ပေါရွာနှင့် စက်ကုန်းကျေးရွာကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က ထိခိုက်ဒဏ် ရာရသူများအား ကားသုံးစီးဖြင့် လာရောက်သယ်ထုတ်သွား​ပြီး လိပ်ပေါ်ရွာဘုန်းကြီး ကျောင်းအတွင်းဝင်ရောက်တပ်စွဲ၍ ဒေသခံပြည်သူ ၂၅ ဦးထက်မနည်းကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း ဖြူးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဥပုသ်နေ့ကတည်းက ဖမ်းထားတာ။ လိပ်ပေါဘုန်းကြီးကျောင်းထဲမှာ အခုထိ ၂၅ယောက်ကျန်သေးတယ်။ မ(အမျိုးသမီး)တစ်ဦး၊ ကျား(အမျိုးစား)၂၄ ဦးထားတယ်”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးအင်အားစုများမှ နယ်မြေရှင်းလင်းရေးဆောင် ရွက်ရာ စစ်ကောင်စီတပ်အသုံးပြုသော ကျည်အချို့နှင့် ကျောပိုးအိတ်များ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖြူးမြို့နယ် ပကဖမှ အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ဖြူးမြို့နယ်(ပ.က.ဖ) Drone အဖွဲ့၊ ဒေါင်းဖြူစစ်ကြောင်း Drone အဖွဲ့၊ အာဠာဝကစစ်ကြောင်းနှင့် တပ်မဟာ (၃)၊ ရင်း(၈) KNLA တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များ လိပ်ပေါကျေးရွာ၌ ဆက်ရှိနေပြီး အင်အားဖြည့်တင်းမှုများလုပ်ဆောင်လျှက်ရှိရာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်၍ ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

“စခ၊ရခ တွေလာရင် ဝေးဝေးနေပေးပါ။ မိမိလုံခြုံရေးအတွက် ပုံးကျင်းပြုလုပ်ထားကြပါ။ သတင်းကူထောက်ပေးခြင်းအားဖြင့်ကူ ညီပေးစေချင်ပါတယ်”ဟု ဖြူးမြို့နယ် ပကဖက မေတ္တာရပ်ခံထားသည်။

သြဂုတ် ၃ ရက်ကလည်း ဖြူးမြို့နယ် ပကဖ ဒရုန်းအဖွဲ့မှ ညောင်ပင်သာမြို့ အရှေ့ဘက် မြို့မ ၃ လမ်းနှင့် မြို့မ ၂ လမ်းအဆုံးရှိ ရွာလယ် ဘုန်းကြီးကျောင်းတွင် စခန်းချနေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ နှစ်ဦးဒဏ်ရာရသွား​ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။