Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်၌ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း CDF သတိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF -Mindat)က သတိပေးထုတ်ပြန်သည်။

ဇော်ရမ်း/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF -Mindat)က သတိပေးထုတ်ပြန်သည်။

ဩဂုတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေပြီး အရပ်သားအချို့ထိခိုက်သေဆုံးမှုများရှိနေစဉ် တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း သတိပေးချက်ကို CDF -မင်းတပ်က ဩဂုတ်လ ၂၁ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် တိုက်ပွဲသတင်းများ ၊ ထိခိုက်ကျဆုံးမှုများ၊ တိကျခိုင်လုံမှုမရှိတဲ့သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့် ဝေခြင်းများ လုံးဝမပြုလုပ်ကြရန်လည်း သတိပေးချက်ထုတ်ပြန်ထားသည်။

” စစ်တပ်ဖက်က လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာတယ်။ လေကြောင်းကနေအင်အားဖြည့်တယ်။ အခြေနေတွေကတိုက်ပွဲပြင်းထန်လာဖို့ရှိတယ်။ ဒါကို နားစွင့်နေဖို့လိုတယ်”ဟု CDF မင်းတပ် ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်အပြင် ဒေသချင်းဆက်စပ်နေသော ကန်ပက်လက်မြို့နယ်၊ ယောဒေသတို့ကိုလည်း လေကြောင်းမှ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook