Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာ

မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး မြို့လယ်ခေါင်လူစည်ကားနေရာများတွင်ပါ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

သြဂုတ်လ၁၆ရက် ညနေပိုင်းက ဆိုင်ကယ်ဖြင့် ကျောင်းမှပြန်လာသည့် ကျောင်းသူနှစ်ဦး ဆိုင်ကယ်လုခံရစဥ်။ဓာတ်ပုံ-File Video

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး မြို့လယ်ခေါင်လူစည်ကားနေရာများတွင်ပါ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၉ရက် ညနေပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၈လမ်းနှင့် ၁၉လမ်းကြား၊ ၈၆လမ်း၊ ညောင်ပင်စျေး အနီးရှ တံဆိပ်ခေါင်းရောင်းသည့် နေအိမ်အား အမျိုးသမီးများပါဝင်သော လူတစ်စုက ဝင် ရောက်ကာ အိမ်ရှင်အမျိုးသမီးကြီးအား သတ်ဖြတ်ပြီး ၎င်းအမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေထည်များ လုယက်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီအမျိုးသမီးက စာတိုက်ကြီးရှေ့တံဆိပ်ခေါင်းရောင်းတာ။ ရွှေတွေတော်တော်ဝတ်တယ်ပြောတယ်။ သူ့အိမ်ကိုအမျိုးသမီးနှစ်ယောက်ရောက်လာပြီး လုသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လုယက်မှုနှင့်ပတ်သတ်၍ တရားခံအမျိုးသမီးများ လွတ်မြောက်သွားသော်လည်း အဆိုပါအမျိုးသမီးများက ငှားရမ်း၍ လိုက်ပို့ပေးခဲ့သည့် အိုးဝေသုံးဘီးယာဥ်သမားကိုမူ စစ်ကောင်စီတပ်​က ဖမ်း​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၈ ရက် ညပိုင်းကလည်း မန္တလေးမြို့၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၅ လမ်းပေါ်ရှိ အလှကုန်ပစ္စည်းဆိုင်တစ်ဆိုင် ဆိုင်ခန်းဖောက်ထွင်းခံရပြီး ဆိုင်ရှိ မီးစက်အားသယ်ထုတ်သွားကြောင်း သိရသည်။

“အရင်ရက်ထဲကပစ္စည်းတွေကြိုပြီး ရန်ကုန်ကိုပို့ထားတာမို့ Cosmetic ပစ္စည်းတွေကမပါသွားပါဘူး။ မီးစက်ကြီးကတော့အလုံးလိုက်ကြီးကိုယူသွားပါတယ်။ ၄ယောက်တစ်ဖွဲ့ ဓားတွေနဲ့လာတာ။ ပတ်ဝန်းကျင်ကမြင်ပေမဲ့လည်း မပြောရဲလို့ ဒီတိုင်းပဲမြင်နေတာတောင်ကြည့်နေရုံပဲတတ်နိုင်တဲ့အခြေအနေပါ။”ဟု ဆိုင်ရှင်က လူမှုကွန်ရက်၌ ရေးသားသည်။

ထို့အပြင် ပုသိမ်ကြီးမြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက လက်နက်ပြ၍ ဆိုင်ကယ်များလုယက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သြဂုတ်လ၁၆ရက် ညနေပိုင်းက ဆိုင်ကယ်ဖြင့် ကျောင်းမှပြန်လာသည့် ကျောင်းသူနှစ်ဦး ဆိုင်ကယ်လုခံရစဥ်။ဓာတ်ပုံ-File Video

“ရှေ့တန်းသွားမလား၊ အသေခံမလား၊ ဆိုင်ကယ်ပေးမလားဆိုပြီး သေနတ်ပြ တောင်းတာပြောတယ်။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

သြဂုတ် ၁၆ရက် ညနေပိုင်းကလည်း မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် ကျောင်းမှပြန်လာသည့် ကျောင်းသူနှစ်ဦး မဟာအောင်မြေမြို့နယ်၊၅၁လမ်း၊၃၅ လမ်းနှင့်၃၆ လမ်းကြားတွင် ဆိုင်ကယ်နှင့်ဖုန်းများ ဓါးပြတိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇူလိုင်အတွင်းကလည်း မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း၌ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓါးထောက်လုယက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတော့၍ မန္တလေးမြို့တွင်လည်း ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဘဏ်များ၊ မိုဘိုင်းဖုန်းဆိုင်နှင့် အခြားအရောင်းဆိုင်အများအပြား ဓါးပြတိုက်လုယက်ခံခဲ့ရသည်။

ထို့အပြင် စစ်အုပ်စုကိုယ်တိုင်ကလည်း ပြည်သူများအား ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က မန္တလေးမြို့ပေါ်၌ သြဂုတ်ဒုတိယပတ်အတွင်း စစ်မှုထမ်းစာရင်းပါသူများမက အမည်စာရင်းမပါသည့်လူငယ်များ၊ နယ်ဝေးမှလာရောက် အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်သားများ၊ ဝန်ထမ်းများကိုပါ စစ်ကောင်စီအုပ်စုက စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အေးရိပ်ငြိမ်သုဿန်တွင် အရိုးပြာအိုးတစ်နေရာ ကျပ်ငါးသိန်းဖြင့် စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့စည်ပင်သာယာရေးဌာနက ဌားရမ်းရောင်းချနေကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့ရှိ မြို့နယ်‌ခြောက်ခုတွင် စစ်ကောင်စီက လမ်းဘေးစျေးသည်များအား စတင်ရှင်းလင်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစုနေထိုင်သည့် ဗိုလ်ချုပ်ရွာရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့တွင် စစ်ကောင်စီက စားဆီစာအုပ် ထုတ်ပေးမည်ဆိုကာ အိမ်ထောင်စုစာရင်းများတောင်းယူနေကြောင်း မြို့ခံများက ပြောသည်။