Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့ပြင်ရှိ စစ်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ပြင်ဘက် ဒီဇင်ဘာခြံအနီး နောင်လှိုင်ကျေးရွာက စစ်တပ်ဝင်းထဲကနေ မနေ့ သြဂုတ် ၂၂ ရက်ညပိုင်းကစပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံ အချို့ထံကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ပြင်ဘက် ဒီဇင်ဘာခြံအနီး နောင်လှိုင်ကျေးရွာက စစ်တပ်ဝင်းထဲကနေ မနေ့ သြဂုတ် ၂၂ ရက်ညပိုင်းကစပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံ အချို့ထံကသိရပါတယ်။

နောင်လှိုင်ရွာဟာ ပြင်ဦးလွင် – လားရှိုးလမ်းမကြီးဘေး မှာ ရှိတာပါ။ပြင်ဦးလွင်မြို့ရဲ့ အရှေ့ဘက် မှာရှိပြီး မြို့ပေါ်နဲ့ဆိုရင် ၃ မိုင်ခန့်သာဝေးပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညပိုင်း ၁၀ နာရီဝန်းကျင်ကနေ ဒီမနက် အစောပိုင်း ၁ နာရီ ခန့်အထိ လက်နက်ကြီး အချက်ရေ ၂၀ နီးပါး ပစ်ခတ်ခဲ့တာလို့ နောင်လှိုင်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တပ်ရဲ့ အရှေ့ ဘက်ခြမ်း ဆီ ဦးတည် ပစ်ခတ်ခဲ့တာလို့လည်း အဲဒီ ဒေသခံ အမျိုးသားက ဆိုပါတယ်။

မြေပုံအရ နောင်လှိုင်ရွာအရှေ့ဘက် ပြင်ဦးလွင်နဲ့ နောင်ချို အစပ်နားမှာ တောင်ခမ်းရွာရှိပြီး အဲဒီရွာက အမှတ် (၉၀၂) အမြှောက်စခန်း ကွပ်ကဲမှုဌာနချုပ်ကို တအာင်းတပ်(TNLA) က ထိုးစစ်ဆင်နေတာပါ။

ပြင်ဦးလွင်မြို့ မှာတိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် မြို့မှာရှိတဲ့ စစ်တပ်ဧရိယာတွေမှာ ကတုတ်ကျင်းတူးတာ အပြင် လုံခြုံရေးအရင်ကထက် ကြပ်မတ်ထားတယ်လို့ မြို့ခံအချို့ထံကသိရပါတယ်။

“လမ်းပေါ်တော့ လူသွားလူလာကြဲသွားတာတော့ရှိတယ်၊တပ်ကလူတွေပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်တာ”လို့ ပြင်ဦးလွင်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း TNLA နဲ့ မန္တလေး PDF တို့က ပြင်ဦးလွင်နဲ့ထိစပ်နေတဲ့ နောင်ချိုကို သိမ်းလိုက်ပြီးနောက် ပြင်ဦးလွင်ကို စစ်ရေးအရ ခြိမ်းခြောက် လိုက်နိုင်တာပါ။

နောင်ချို ကျသွားချိန်မှာတော့ ပြင်ဦးလွင်ကို ဆက်လက်ထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းတွေကြောင့် မြို့ခံတွေ အလုံးအရင်းနဲ့ မန္တလေး ဘက်ဆီ စစ်ရှောင် ကြတာရှိခဲ့ပါတယ်။ ပြင်ဦးလွင် စစ်တပ်အနီးမှာနေထိုင်ကြတဲ့ ပြည်သူတွေလည်း ဘေးလွတ်ရာဆီ ပြောင်းရွေ့နေထိုင်နေကြတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နောင်ချိုဘက်ကနေ ပြင်ဦးလွင်ဘက်ဆီ အဝင် ဝက်ဝံဂိတ်မှာ အင်အားအများအပြားချပြီး ပြင်ဦီးလွင် အဝင်ကို တင်းကြပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။