Connect with us

Hi, what are you looking for?

သတင်း

Rဇာနည်ရဲ့ သီချင်းသစ်ထွက်ရှိ

တော်လှန် အနုပညာရှင် Rဇာနည်က သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်ကို ဒီနေ့မှာ သူ့ရဲ့ ယူကျူ့ကနေ Music Video နဲ့ အတူတင်ပေးထားပါတယ်။

ဆဏ်း / People’s Spring

တော်လှန် အနုပညာရှင် Rဇာနည်က သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်ကို ဒီနေ့မှာ သူ့ရဲ့ ယူကျူ့ကနေ Music Video နဲ့ အတူတင်ပေးထားပါတယ်။

သီချင်းရဲ့ နာမည်က ဘဝလမ်းမ ဖြစ်ပြီး သုံးနှစ်ကျော်အတွင်းမှာ ပထမဆုံးထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်ဒီဘက်ရောက်ပြီးတော့ တစ်နှစ်ခွဲလောက် သီချင်းမဆိုဖြစ်ဘူး။ အဲဒီ့မှာ ပထမဆုံးပြန်ဆိုတဲ့အခါမှာ Michigan ဆိုတဲ့မြို့ကိုသွားပြီး သီချင်းဆိုဖြစ်ပါတယ်။ဆိုတဲ့အခါမှာ ကျွန်တော်ဆိုတဲ့ Sound System ပိုင်းကို ကူညီပေးတဲ့ အဖွဲ့နဲ့တွေ့ပါတယ်။ အဲဒီ့အဖွဲ့မှာပါတဲ့ အစ်ကိုကြီးတစ်ယောက်။ ကိုသန့်ဇင်က သူသီချင်းလေးတွေရေးထားတာရှိတယ်ဆိုပြီးပြပါတယ်။အဲဒီ့သီချင်းလေးကိုတွေ့ပါတယ်။ဆိုဖြစ်တယ်ပေါ့” လို့ R ဇာနည်ကပြောပါတယ်။

ဒီသီချင်းကို မအားတဲ့ကြားက သူ့ရဲ့ အခန်းမှာပဲ ကိုယ်တိုင်အသံဖမ်းပြီးသီဆိုခဲ့တာဖြစ်ပြီး The Tree ကတီးပေးထားတယ်လို့ ဆိုပါတယ်။

“တစ်ခါမှတော့ ကိုယ့်ဟာကိုယ်အသံဖမ်းပြီး မဆိုဖူးဘူး။ ” လို့ R ဇာနည်ကပြောပါတယ်။

အဆိုတော် R ဇာနည်တို့ မိသားစုက နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့တာကြောင့် ကိုယ့်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေရတာဖြစ်ပါတယ်။

“ကျွန်တော့်သီချင်းလေးကိုနားဆင်ခံစားရင်းနဲ့ ဘဝအမောတွေ ခဏတာပြေပျောက်ဖို့ ဆန္ဒပြုပါတယ်” လို့ R ဇာနည်ကပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။

သတင်း

တော်လှန်အနုပညာရှင် တယောဖိုးစံက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ The Sound Of 36 ကို မွေးနေ့မှာ ဖြန့်ချိလိုက်ပါတယ်။

သတင်း

တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ရှာဖွေနိုင်ခဲ့ပြီး မြေပြင်ကို လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ အသိပေးထားပါတယ်။