Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတွင် TNLAနှင့် စစ်ကောင်စီ တိုက်ပွဲသုံးနေရာဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ဟန်နွေ/Peopel’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၆၀ရက်မြောက်ဩဂုတ် ၂၃ရက် စစ်ရေးသတင်းကို အသိပေးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအပါအဝင် မြို့နယ်အတွင်းရှိ နားရှိုးရွာ၊ မကျီး‌‌ရေရွာဘုန်းတော်ကြီးကျောင်းတို့၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

တောင်ခမ်းရွာ စစ်ကောင်စီ (၉၀၂)တပ်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

TNLAသည် နောင်ချိုမြို့ကို ဇူလိုင် ၁၀ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီ ဖြစ်ရာ စစ်ကောင်စီဘက်က အဆိုပါဒေသသို့ ပြန်လည်ထိစစ်ဆင်နေ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။