Connect with us

Hi, what are you looking for?

သတင်း

ဗမာလူမျိုး ၁၃ဦး MNDAA တပ်သားအဖြစ် ဝင်ရောက်

MNDAAက ကြိုဆိုပွဲကျင်းပ

MNDAAတပ်မတော်ထံ တပ်သားအဖြစ်ဝင်ရောက်သော ဗမာရဲဘော် ၁၃ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ထံ ဗမာလူမျိုး ၁၃ ဦးက ပါဝင်ရန်ကတိသစ္စာပြုခဲ့၍ အဆိုပါ တပ်သားသစ်များအတွက် တပ်သားသစ် ကြိုဆိုပွဲ အခမ်းအနားပြုလုပ်ခဲ့ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့သိမ်းအောင်မြင်မှု ရရှိထားသည့် MNDAA အပေါ် စစ်ကောင်စီက လူမျိုးရေးအရ အမုန်းပွားမှုဖန်တီးမှုများရှိနေသည့် အခြေအနေတွင် MNDAAက ယခုကဲ့သို့ ဗမာရဲဘော်သစ်များ ကြိုဆိုပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဩဂုတ် ၂၃ရက်က MNDAA တပ်စခန်းတစ်ခု၌ ပြုလုပ်ခဲ့ပြီး ထူးခြားသောတပ်သားသစ် ကြိုဆိုပွဲဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါအခမ်းအနားသို့ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ဒေသခံ စစ်ဘက်နှင့် နိုင်ငံရေးဌာနမှတာဝန်ခံပုဂ္ဂိုလ်များတက်ရောက်ခဲ့ပြီး ကိုမိုးထွန်း ဦးဆောင်သော ဗမာရဲဘော် ၁၃ဦးသည် MNDAA တွင် ပါဝင်ရန် MNDAAတပ်မတော်အလံရှေ့တွင် လေးနက်စွာ ကတိသစ္စာပြုခဲ့ကြောင်း ထုတ်ပြန်သည်။

မတူညီသောတာဝန်များရှိပြီး ဘာသာစကား ကွဲပြားသော်လည်း ၎င်းတို့သည် မဟာမိတ်တပ်ဖွဲ့ မိသားစုကြီး၏အဖွဲ့ဝင်များဖြစ်ကြောင်း တပ်သားသစ်များကို MNDAA ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ဗမာစစ်သုံ့ပန်းများနှင့် လက်နက်ချအလင်းဝင်သူများသည် မဟာမိတ်တပ်သို့ တရားဝင်ဝင်ရောက်ခဲ့ပြီး ဗမာရဲဘော်အချို့သည် ကိုးကန့်စကားကို ကျွမ်းကျင်၍ ပြောဆိုနေတက်ပြီဖြစ်သည်ဟုလည်း MNDAAက ထုတ်ပြန်သည်။

လူတိုင်းတွင် မတူညီသောဘာသာစကား၊ ယဉ်ကျေးမှုနှင့်ဘာသာရေးယုံကြည်ချက်ရှိသော်လည်း ၎င်းတို့အားလုံးသည် တူညီသောပန်းတိုင်အတွက် ကြိုးစားအားထုတ်ကြကြောင်း၊ ရည်မှန်းချက်ကြီးသော ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ်များသည် MNDAA တပ်မတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

၎င်းတို့၏ ပူးပေါင်းပါဝင်မှုသည် ရောင်စုံရိုးရာယဉ်ကျေးမှုကို စစ်တပ်စခန်းသို့ သယ်ဆောင်လာကာ မတူညီသော လူမျိုးစုများကြား စည်းလုံးညီညွတ်မှုစိတ်ဓာတ်နှင့် စစ်အစိုးရ၏ အာဏာရှင် စနစ် အုပ်ချုပ်မှုကို တွန်းလှန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြသခဲ့ကြောင်း ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် MNDAAသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့် တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။ MNDAA၏ တပ်မဟာ(၆၁၁)သည် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုဖွဲ့ထားသည့် တပ်မဟာဖြစ်ပြီး လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။