Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေးနှင့် နေပြည်တော် ထိုးစစ်ဆင်မည့်တပ်ဖွဲ့များထောက်ပံ့မည့် တော်လှန်နှုတ်ခမ်းနီကမ်ပိန်း စတင်

စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေမှုများ ပြုလုပ်လျက်ရှိသည့် တော်လှန်နှုတ်ခမ်းနီ ပရောဂျက်ကို ဩဂုတ် ၂၆ရက်မှ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့တစ်ခုမှ တပ်မှူးတစ်ဦးက ပြောသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SOF

ဟန်နွေ/People’s Spring

စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေမှုများ ပြုလုပ်လျက်ရှိသည့် တော်လှန်နှုတ်ခမ်းနီ ပရောဂျက်ကို ဩဂုတ် ၂၆ရက်မှ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့တစ်ခုမှ တပ်မှူးတစ်ဦးက ပြောသည်။

တော်လှန်နှုတ်ခမ်းနီ ပရောဂျက်ကို ၂၀၂၃ ဇွန်လတွင် စတင်ခဲ့ပြီး ပရောဂျက်(၂)ကို စက်တင်ဘာတွင် ပြုလုပ်ခဲ့ပြီး ယခု ပရောဂျက် (၃)ကို ယခုနှစ် ဩဂုတ် ၂၆ရက်မှ စတင်ရန် စီစဉ်ထားသည်။

Public Service Announcement

Public Service Announcement

ယခုပြုလုပ်သည့် တော်လှန်နှုတ်ခမ်းနီ Porject 3 သည် စစ်တောင်းမြစ်ဝှမ်းတွင် အခြေပြု၍ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်တို့ကို ဦးတည်ထိုးစစ်ဆင်မည့် MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များဖြစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ကီးကူစစ်ကြောင်း တို့၏ ကျည်ဆံ၊ ခဲယမ်းလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်ဖြစ်သည်ဟုအဆိုပါ ပရောဂျက်က ထုတ်ပြန်သည်။

” ဒီတပ်ရင်း တပ်ဖွဲ့၊ စစ်ကြောင်းများက စစ်တောင်းမြှစ်ဝှမ်း ဒေသ စိုးမိုးနိုင်ရေးနဲ့ လမ်းများအားလုံး နေပြည်တော်သို့ဟူသည့် စစ်ရေးဗျူဟာကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးစားနေတဲ့ အဖွဲ့များ ဖြစ်ပါတယ်”ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ယခု ပရောဂျက်သည် အလှူငွေလက်ခံမည့် ကမ်ပိန်း အမျိုးအစားဖြစ်ပြီး ဩဂုတ် ၂၆ရက်မှ စက်တင်ဘာ ၃၀ရက်အထိ ရက်သတ္တပါတ် ၅ပါတ်တာ ပြုလုပ်သွားမည်ဟု အသိပေးသည်။

ထို့ကြောင့် နိုင်ငံတကာရှိ ထောက်ပို့ပြည်သူများ အနေဖြင့် လမ်းများအားလုံး နေပြည်တော်သို့ ၊ ရန်ကုန်မှာ ပြန်ဆုံဖို့ စစ်ရေးအရှိန်မြှင့်ပြီး အိမ်ကို ပြန်နိုင်ကြစေဖို့ မြေပြင်တပ်ဖွဲ့များအား ထောက်ပို့ ကျည်ဆန် နှင့် စစ်ဆင်ရေး အတွက်လိုအပ်သည့် ပစ္စည်းများ ဖြည့်တင်းပေါ်နိုင်ရန်အတွက် CRPH-PFP ၏ နိုင်ငံတကာ Fundraisers များထံ ထောက်ပို့ပြီး တော်လှန်နှုတ်ခမ်းနီ Projectတွင် ပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

တော်လှန်နှုတ်ခမ်းနီ ပရောဂျက်(၁)မှ ရရှိခဲ့သည့် ရန်ပုံငွေများကို ပဲခူး၊ စစ်ကိုင်း၊ မကွေး အညာနှင့် ရက္ခိုင်ပြည်နယ် အခြေပြုပြီး ခုခံတော်လှန်စစ် ဆင်နွှဲနေသည့် တပ်ရင်း တပ်ဖွဲ့ စစ်ကြောင်းများ ၏ လိုအပ်ချက်များကို ဖြည့်တင်းခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ယခုနှစ် ဇန်နဝါရီ၁ရက်မှ ဖေဖော်ဝါရီ ၄ရက်အထိ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်၏ တော်လှန်နှုတ်ခမ်းနီ ပန်ချီကားကမ်ပိန်း မှ ရောင်းချရငွေများကိုလည်း ကိုယ်ခန္ဓာ အစိတ်အပိုင်း စွန့်လွှတ် ဆုံးရှုံးခဲ့သည့် ရဲဘော် ၁၀၇ ဦးအား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုကာ ဘ၀ ရပ်တည်ရေးအတွက် ထောက်ပို့ငွေ ပေးအပ်နိုင်ခဲ့ကြောင်း တော်လှန်နှုတ်ခမ်းနီ ပရောဂျက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

သတင်း

နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။