Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းတိုက်ပွဲစစ်‌ကောင်စီဘက်မှ ၁၅ ဦး​သေ၊ငါးဦးကို အရှင်ဖမ်းမိပြီး ​သေနတ် ၁၀ လက်ရ

PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံး

စစ်​ကောင်စီတပ်မှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့် စစ်တပ်လက်​​အောက်ခံ-SNA တပ်ဖွဲ့ဝင် ၅ ဦးကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားစဥ်။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ

မိထက်/People’s Spring

ဟုမ္မလင်းမြို့နယ်တွင် ဩဂုတ်လ ၂၀ရက်မှ ၂၄ရက်အတွင်း ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်‌ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရပြီး ငါးဦးကို အရှင်ဖမ်းမိထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ယနေ့(ဩဂုတ်လ ၂၆ ရက်) နေ့လယ်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီခမရ-၃၀၉၊ စစ်တပ်လက်​​အောက်ခံ ရှမ်းနီတပ်- SNA၊ ပျူစောထီး အင်အား ၁၀၀ ကျော်ပါ ဖလက်ခွံ (၁) စီး၊စစ်သင်္ဘော (၂) စီးဖြင့် ဩဂုတ်လ (၂၁) ရက်နေ့တွင် စတင်ကာဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ အထက်ပိုင်းရှိ လောင်းမင်းရွာကို ထိုးစစ်ဆင်လာရာမှ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

” ရွာကို သူတို့နှစ်ရက် တပ်စွဲခဲ့တယ်။ ပူးပေါင်းအဖွဲ့တွေက ပြန်တိုက်တာ ၂၄ ရက်က ပြန်ထိန်းချုပ်နိုင်ခဲ့တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ (၂၄) ရက်‌နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကူလာသည့်ကသည်းတပ်ဖွဲ့ အင်အား (၇၀) ခန့်ကိုပါ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ခန္တီးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း (၂၊ ၈) နှင့် မော်လိုက်ခရိုင် တပ်ရင်း-၃ နှင့် တိုက်နယ်လေး ပကဖ ပူးပေါင်းအဖွဲ့တို့တိုက်ခိုက်ပြီး လောင်းမင်းရွာအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်မှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့် စစ်တပ်လက်​​အောက်ခံ-SNA တပ်ဖွဲ့ဝင် ၅ ဦးကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားစဥ်။ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ

ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ အလောင်း (၁၀) လောင်းရရှိပြီး ၁၁ ဦး ဒဏ်ရာရ၍စစ်​ကောင်စီလက်​အောက်ခံ ရှမ်းနီတပ်- SNAတပ်ဖွဲ့ဝင်၅ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ စစ်​ကောင်စီတပ်ထံမှ သေနတ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၁၈၄ တောင့်၊ ဗုံးသီး (၆) လုံး၊ ကျည်အိမ် (၂၁) ခု သိမ်းဆည်းရမိခဲ့သည်ဟုအမှတ်(၁)စစ်ဒေသက က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ လေး ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့အပြင် ဩဂုတ်လ (၂၂) ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်၊ ဆပ်ကယားရွာသို့ စစ်‌ ကောင်စီတပ်၊SNA တပ် နှင့် ကသည်းတပ်ဖွဲ့ ပူးပေါင်းအင်အား ၅၀ ခန့် ထိုးစစ်ဆင်လာသဖြင့် ခန္တီးခရိုင် တပ်ရင်း (၁၊ ၃)၊အထူးလှုပ်ရှား တပ်ရင်း (၈၊ ၉) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ထိုထဲမှတစ်ဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်သွားသည်ဟု အမှတ်(၁)စစ်ဒေသက က သတင်းထုတ်ပြန်ထားသည်။

ရွှေ ပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ်မှ နိုဝင်ဘာလတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ် နေသော တမူးခရိုင်မှ မြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

PDF ၊ပကဖ ၊ABSDF နှင့် မဟာမိတ် တပ်များကသြဂုတ်လတတိယပါတ်မှစ၍ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်​သောပင်လယ်ဘူး၊ အင်းတော်၊ ထီးချိုင့်မြို့တို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။