Connect with us

Hi, what are you looking for?

သတင်း

မန္တလေး တောင်သမန်ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၂၇ရက်) ညနေ ၅နာရီခန့်က အမရပူရမြို့၊ တောင်သမန်အင်းအရှေ့ဘက်ကမ်း၊ ဦးပိန်တံတားအရှေ့ထိပ်ရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးကြိုးပစ်သံကအကျယ်ကြီးပဲ။ လျှပ်စီးလျှပ်တာများ အိမ်အတွင်းထဲထိလင်းထိန်သွားတယ်။”ဟု အမရပူရဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မန္တလေးနန်းတွင်း၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် သြဂုတ် ၂၆ ရက် တွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အကုသိုလ်ကောင် မန္တလေးရောက်ပြီးမှ နန်းမြို့ရိုးပြိုသလို ကျောက်တော်ကြီးဘုရား မိုးကြိုးထိလို့ စိန်ဖူးတော်မြေခနဲ့ နမိတ်တွေပြနေပြီ။”ဟု မန္တလေးဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

ကျောက်တော်ကြီးဘုရားသည် ပုဂံမင်းတရား၏ ကောင်းမှုတော်ဖြစ်၍ အမရပူရမြို့မှ တောင်ဘက် (၃)မိုင်ခန့် ကွာဝေးသော တောင်သမန် အနောက်တောင် ကျေးရွာနှစ်ရွာအကြားတွင် တည်ရှိသည်။ မဟာသကျရံသီဟူသောဘွဲ့တော်ဖြင့် ထင်ရှားသည်။

ကျောက်တော်ကြီးဘုရားတွင် အမရပူရခေတ်နံရံဆေးရေးပန်းချီလက်ရာများနှင့် နက္ခတ် တာရာ ၁၂ ရာသီခွင်ရုပ်များကိုပါ ရေးဆွဲထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် သည် ဩဂုတ် ၂၅ရက်က မန္တလေးမြို့တော်ခန်းမ၌ ခရိုင်အဆင့် Non CDM ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူများအား အဓမ္မစစ်သင်တန်းတက် ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်အကောင်အထည်ဖော်မည့်ကိစ္စကိုပါ ပြောသွားခဲ့သည်။ ထို့အပြင် ၎င်းပြောဆိုနေကျ ရွေးကောက်ပွဲမဲလိမ်သည့်ကိစ္စကိုပါ ထပ်ခါထပ်ခါစွပ်စွဲသွားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။