Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအမြန်နိဂုံးချုပ်ရေး တော်လှန်ရေးအင်အားစုအားလုံးစုစည်းပြီး အသင့်အနေအထားပြင်ဆင်ထားရန် NUGဝန်ကြီးချုပ် တိုက်တွန်း

စစ်ကောင်စီက ရွေးကောက်ပွဲမဖြစ်မနေလုပ်ပြီး ထွက်ပေါက်ဖန်တီးနေ၍ စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပြီး တော်လှန်ရေးအင်အားစုအားလုံးစုစည်းရန် ပြောကြားခဲ့သည်။

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသော PDFရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY PDF

ဟန်နွေ/People’s Spring

စစ်ကောင်စီက ရွေးကောက်ပွဲမဖြစ်မနေလုပ်ပြီး ထွက်ပေါက်ဖန်တီးနေ၍ စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပြီး တော်လှန်ရေးအင်အားစုအားလုံးစုစည်းရန် ပြောကြားခဲ့သည်။

ဩဂုတ် ၂၇ရက်ကကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင် ဖို့ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးက စုစုစည်းစည်းနဲ့ အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတိုးပွားပြီး အလုပ်တွေ တူတူလက်တွဲလုပ်ရင်းနဲ့ ကျွန်တော် တို့ ပုံဖော်ချင်တဲ့ အနာဂတ်ကိုလည်းအတူစဥ်းစား နိုင်ကြမှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံရေးအရဆိုပါကလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းပြီး ဇန်နဝါရီ ၃၁ရက်က ထုတ်ပြန်ခဲ့သည့် ဘုံသဘောထား ရပ်တည်ချက်ကို အခြေပြုဆောင်ရွက်သွားရမည်ဟုလည်း ပြောကြားသည်။

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသော PDFရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD

” ကျွန်တော်တို့ ကြားထဲမှာ အတူလုပ်ရမှာတွေရှိသလို ဒီသဘောထားရပ်တည်ချက်ကို တော်လှန်ရေး အင်အားစုတွေ အားလုံးလက်ခံပြီး အတူတကွ ညီညီညာညာသွားကြမယ့် ပန်းတိုင် ဟာ ဒါပဲ ဆိုတာကို သေချာအောင်လုပ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ ရှေ့နှစ်အတွင်းမှာဆိုရင် စစ်အုပ်စုက နောက်ဆုံးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ နိုင်ငံတစ်ချို့လည်း ရှိနေတာကြောင့် သူတို့ကလည်း ရတဲ့နည်း နဲ့ လုပ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သေသေချာချာ ထည့်သွင်း စဥ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်ကာ အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း အသိပေးထားသော်လည်း ယာယီသမ္မတ၏ မိန့်ခွန်းပါအချက်များကို ဖော်ပြမထားပေ။

လက်ရှိတော်လှန်ရေး၏ အခြေအနေများအရ စစ်ရေးအရှိန်မြှင့်တင်မှုနှင့် နိုင်ငံရေး အခြေအနေ ကဏ္ဍစုံ တိုးတက်မှုများရရှိအောင် ကြိုးစားရမည်ဟုလည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

” နိုင်ငံရေးအခြေအနေလို့ ပြောရင် နိုင်ငံခြားရေး၊ သံတမန်ရေး အခြေအနေတွေကအစ၊ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ စုစည်းပြင်ဆင်မှု အခြေအနေတွေ အပါအဝင်အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍတွေပါမကျန် အားလုံးပါဝင်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးကို ဦးဆောင်နေကြသူတွေအနေနဲ့ နိုင်ငံရေးကဏ္ဍဘက်မှာ လက်ရှိကာလ ဖြစ်နိုင်ချေ တွေကို ရှုထောင့်ပေါင်းစုံက စဥ်းစားပြီး စုပေါင်းပြင်ဆင်ရမှာတွေ ရှိပါတယ်။ အထူးသဖြင့် ထွက်ပေါက်မရှိသလောက်ဖြစ်နေပြီး သမိုင်းတစ်လျှောက်အဆိုးဆုံး စစ်ရေးရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံ ရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အထူးသတိထားစောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုနှစ်ဆန်းပိုင်းတွင် အသက် ၃၅နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမည်ဆိုသည့် ဥပဒေကို ထုတ်ပြန် ကာ လူငယ်လူရွယ်များကို အဓမ္မ စစ်မှုထမ်း စေခိုင်း နေသကဲ့သို့ ယခုတွင်လည်း အသက် (၃၅)မှ (၆၅) နှစ်အထိ အရပ်သားအမျိုးသားများကို ရက်တို စစ်သင်တန်းပေးပြီး အသုံးပြုရန် စီစဉ်လာနေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

စစ်အုပ်စုကို အမြန်နိဂုံးချုပ်နိုင်မှသာ ပြည်သူများ အသက်၀၀ ပြန်ရှုနိုင်မည်ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...