Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံနယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ သုံးကြိမ်တိုက်ခိုက်

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သလို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ထားဝယ် ခရိုင်တပ်ပေါင်းစုက ရဲဘော်တဦး စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - ထားဝယ် ခရိုင်တပ်ပေါင်းစု

နိုဝင်ဘာ-၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သလို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၁ရက်၊ အောက်တိုဘာ ၂၂ရက် တွေမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ရက်မှာ ကရင်ကြီးရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ၂နာရီကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့သလို ကာကွယ်ရေး ပူးပေါင်းမဟာမိတ်များဘက်က ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီဟာ ကရင်ကြီးရွာမှတဆင့် ကမ်းပနီကျေးရွာသို့ သွားရောက်ခဲ့ရာ အောက်တိုဘာ ၂၂ရက် ညနေပိုင်းမှာ ထပ်မံ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးပါတယ်။

ကရင်ကြီးရွာနဲ့ ကမ်းပနီကျေးရွာတိုက်ပွဲ ၂ကြိမ်မှာ စစ်ကောင်စီဘက်က ၈ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ဆင်ရေးကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ဒေါနတပ်ရင်း-တပ်ခွဲ-၇(LPF)၊ဒေါနတပ်ရင်း-တပ်ခွဲ-၄(KBDF)၊ ရာမညမွန်တပ်တော်၊(DNLA)ဓူရကစစ်ကြောင်း နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူ၊စစ်သင်္ဘောပစ်ကူပေးကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကမ်းပနီကျေးရွာနဲ့ ပညစ်ကျေးရွာကြားက သိကြားမင်းထိုင်တောင်ပေါ်မှာ တက်ရောက် တပ်စွဲခဲ့တာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းနဲ့ ဆက်လက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှု ရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ်ပေါင်းစုဒေါနတပ်ရင်း-တပ်ခွဲ-၇(LPF)၊ဒေါနတပ်ရင်း-တပ်ခွဲ-၄(KBDF)၊ရာမညမွန်တပ်တော်၊ (DNLA)ဓူရကစစ်ကြောင်း နဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။

ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အောက်တိုဘာ ၂၆ရက်မှာတော့ မောင်းမကန်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ဆင်ရေး ၄နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၂ဦးသေဆုံးကာ ဒဏ်ရာရသူတွေနဲ့ ထွက်ပြေးသူတွေရှိခဲ့ပါတယ်။

မောင်းမကန်နယ်မြေရဲစခန်းသိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်ဆီက လက်နက်မျိုးစုံ ၂၁လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့တယ်လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။

မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒူရက စစ်ကြောင်းကလည်း လက်ရှိဟာ စစ်ရေးအရှိန် တိုးမြှင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်လို့ စစ်ရေးသတိပြုဖို့ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေ လိုက်နာဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့လူထုဘက် ပူးပေါင်းရပ်တည်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။